"နင် တစ်ခုခု လိုအပ်လို့လား"

ကျင်းယွင်ကျောင်း၏ မျက်လုံးများက အေးစက်နေ၏။ ချောင်ဟုန်ယဲ့အပေါ် နွေးထွေးဖို့ဆိုသည်မှာ သူမအတွက် မဖြစ်နိုင်ပေ။

ချောင်ဟုန်ယဲ့က နှုတ်ခမ်းကိုက်လိုက်သည်။

"တကယ် ဘာမှမဟုတ်ပါဘူး။ ငါက မမ, ကန်ကျင်းချန်အတူ ကျောင်းလာတာ ထူးဆန်းနေတယ်လို့ တွေးမိလို့ပါ"

သူမသည် ယခင်က ကျင်းယွင်ကျောင်းသည် စူးချူနှင့် အလွန်ရင်းနှီး၍ အတူတူ လမ်းလျှောက်၍ ကျောင်းလာသည်ကို မြင်ဖူး၏။ သူမသည် ထိုအကြောင်းကို ပြန်၍ နားလည်ရခက်နေသည်။ ကျင်းယွင်ကျောင်းသည် ထိုတုံးတုံးအအ မိန်းကလေး စူးချူမှ တဆင့် ကန်ကျင်းချန်အား ရင်းနှီးရန် ကြိုးစားနေသည်လား၊ ထိုသို့ မဟုတ်ဘူးလားဆိုသည်ကို သူမ မသိပေ။

ကျင်းယွင်ကျောင်းက ၎င်းကို ရယ်စရာဟုသာ မှတ်ယူလိုက်ပြီး သူမ၏ လက်မောင်းကို ပြန်ဆွဲလိုက်သည်။

"ငါ ဘယ်သူနဲ့ ကျောင်းသွားသွား နင့်အလုပ် မဟုတ်ဘူးလေ၊ ဟုတ်တယ်မလား"

ဤကမ္ဘာပေါ်တွင် ဤကဲ့သို့ ကြောင်တောင်တောင်လူများစွာ ရှိသည်။

ချောင်ဟုန်ယဲ့၏ မျက်နှာပေါ်တွင် ရှက်ရွံ့သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသော်လည်း သူမက နှုတ်ခမ်းစူလိုက်၏။

"မမ၊ ငါက နင့်အတွက် စိတ်မပူရတော့ဘူးလား။ နင်တို့ နှစ်ယောက်က ချိန်းတွေ့နေကြတာလား။ ငါကြားတာ ကန်ကျင်းချန်ရဲ့အဖေက ဆရာဝန်တစ်ယောက် ဖြစ်ပြီးတော့ သူ့အမေက စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဆို။ သူ့ရဲ့မိသားစုက အတော်လေး ချမ်းသာတာလား"

အဓိကအချက်များမှာ ကန်ကျင်းချန်သည် ရုပ်ချော၍ အဆင့်များကလည်း ကောင်းခြင်းဖြစ်၏။

ချောင်ဟုန်ယဲ့နှင့် ကန်ကျင်းချန်တို့သည် တစ်ယောက်နှင့်တစ်ယောက် သိနေကြသည်မှာ သဘာဝပင်။ ပထမနှစ်ကျောင်းသားများထဲမှ ကျောင်းသားသမဂ္ဂ၏ အဖွဲ့ဝင်အဖြစ် နှစ်ဦးတည်းကိုသာ ရွေးခြယ်ခဲ့ရာ ထိုနှစ်ယောက်မှာ ချောင်ဟုန်ယဲ့နှင့် ကန်ကျင်းချန်ပင်။

အတိတ်၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now