"ရှင် အပြင်မထွက်ချင်ဘူးလား၊ ပြီးတော့ အလုပ်မရှာချင်ဘူးလား ... ဟမ်။ ဒါဆို ရှင် ထမင်းလည်း များများစားစရာမလိုဘူး။ တနင်္ဂနွေနေ့ပြီးရင် ကျွန်မတို့ ကွာရှင်းမယ်"

(T/N : ဒီနေ့ ယဲ့ချင်းမွေးနေ့က စနေပါ၊ တရားရုံးက စနေတနင်္ဂနွေပိတ်တော့ ချက်ချင်း မကွာရှင်းနိုင်တာပါ။)

ယခင်က အန်တီယဲ့သည် အထူးယဥ်ကျေးသိမ်မွေ့သည်ဟု မပြောနိုင်သော်လည်း သူမ၏ စကားလုံးများသည် ယဥ်ကျေး၍ ရဲရင့်နေဆဲသာဖြစ်၏။ အိမ်၌ သူမသည် ဖြူစင်အေးချမ်း၍ လိုက်လျောမှုရှိသော ဇနီးတစ်ယောက်ပုံစံ ဖြစ်သည်။

ထိုအစား ယခုအချိန်တွင် သူမသည် အပေါက်ဆိုးသော မိန်းမကြီးတစ်ယောက်နှင့် တူနေ၏။

မည်သို့ပင်ဆိုစေကာမူ သူမ၏ လက်ရှိ ပုံပန်းသွင်ပြင်သည် ယခင်က သူမ၏ နွေးထွေး၍ အားပေးတိုက်တွန်းတတ်သော ပုံစံနှင့် ယှဥ်ပါက ပို၍ ထိရောက်သည်။

အမှန်ပင်၊ သူသည် ကွာရှင်းရန် ဆန္ဒမရှိပေ။ ယခု သူတို့နေသော အိမ်သည် လွန်ခဲ့သော နှစ်ပေါင်းများစွာက အန်တီယဲ့၏ မိဘများက သူတို့အား သူမ၏ ခန်းဝင်ပစ္စည်းအဖြစ် ပေးခဲ့ခြင်းဖြစ်သည်။ သူ၏ ဗီလာက အကြွေးဆပ်ရန်အတွက် ရောင်းလိုက်သည်မှာ ကြာပြီဖြစ်ရာ ယခုအချိန်တွင် သူတို့မိသားစုသုံးယောက် နေထိုင်နိုင်သည့် တစ်ခုတည်းသော နေရာဖြစ်၏။ အကယ်၍ သူတို့ ကွာရှင်းလိုက်ပါက သူသည် သေချာပေါက် လမ်းပေါ်တွင်သာ နေရလိမ့်မည်။

အန်တီယဲ့သည် ဤလူအား အမှန်တကယ် အလုပ်ရှာရန် မျှော်လင့်မထားသော်လည်း သူမသည် သူ့အား တစ်ချိန်လုံး အရက်အမူးလွန်၍ အသိစိတ်မကပ်ဖြစ်နေသည်ကို မမြင်လိုပေ။

ယဲ့ချင်းသည် သူမ အထင်အကြီးဆုံးဖြစ်သည့် ဖခင်၏ ကျဆုံးခန်းကို မြင်သောအခါ သူမ၏ သတ္တိများ ပို၍ပင် ပျောက်ကွယ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူမအမေ၏ အပြစ်ဒဏ်သတ်မှတ်ပေးမှုအောက်တွင် ယဲ့ချင်းသည် သူမ၏ ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် အိမ်မှုကိစ္စများကို စတင်လုပ်ကိုင်ခဲ့ရ၏။ သူမ မသိခဲ့သည်မှာ ဤသည်က အစပဲရှိသေးသည် ဆိုတာကိုပင်။

အတိတ်၌ ပြန်လည်မွေးဖွားခြင်းOnde histórias criam vida. Descubra agora