Chapter 285 - Extra 9

Start from the beginning
                                    

သူရိုက်ထားသည့် သာမန်ပုံနှင့် ယှဥ်ကြည့်သောအခါ သူ့အားနည်းချက်ကို ဟောပိုင်မြင်လာသည်။

နာမည်ကြီး မင်းသား မင်းသမီးတို့နှင့်သာ ရိုက်ကူးရေးလုပ်နေကျ ဟောပိုင်မှာ မော်ဒယ်ကို အလှဆုံးဖြစ်အောင် ရိုက်ပေးရန်သာ ဦးတည်ချက်ရှိသည်။ သို့သော် ထိုအရာက သူ့ဘဝလမ်းကြောင်းအတွက် အတော်အန္တရာယ်ရှိသည့်အချက်ဖြစ်နေ၏။

" ရှောင်ပိုင်.. ငါ မင်းကို တကယ်အကြံပေးချင်တယ်.. သက်တောင့်သက်သာလေး ဖြစ်နေတဲ့နေရာကနေ ရုန်းထွက်ပါ"
ကုရှီးဖန်က အကြံပေးချက်ကို အဆုံးသတ်ကာ ပခုံးလေးပုတ်၍ ထွက်သွားလေသည်။

ဟောပိုင်က ထိုနေရာတွင် ထိုင်ကာ အကြာကြီး စဥ်းစားနေ၏။

အလုပ်ခရီးမှ ပြန်လာသည့် တိချိုးဟယ်မှာတော့ မျှော်လင့်ချက်အပြည့်နှင့် တက်တက်ကြွကြွဖြစ်နေသည်။ ခွေးပေါက်လေးက သူ့ကို ပွတ်သီးပွတ်သပ်လုပ်ပေးသည်ကို မျှော်လင့်ထားရာမှ သစ္စာအဖောက်ခံလိုက်ရလေ၏။

တိချိုးဟယ်မှာ ဟောပိုင်နှင့် တခြားတစ်ယောက် အတူတွဲသွားတွဲလာလုပ်နေသည်ကို တွေ့ရသည်။ သူတို့ကြည့်ရတာ အတော်လေးရင်းနှီးနေပုံရ၏။

" အဲ့ဒါ ကုရှီးဖန်တဲ့.. ရှောင်ပိုင်ရဲ့ ဆရာတူအစ်ကိုအကြီးဆုံးလေ.."
ရှင်းရှောင်ဖုန်းက ရှင်းပြ၏။

" ကျွန်တော်သိပါတယ်.."
တိချိုးဟယ်က မျက်နှာတည်ကြီးဖြင့် ပြန်ဖြေကာ Ipadကို ဘေးချလိုက်သည်။ ဘာမှမမြင်လိုက်သလို မျက်လုံးမှိတ်ထားရင်း ရှင်းရှောင်ဖုန်းကို ပြောလိုက်သည်။
" ရှောင်ဖုန်း.. ကျွန်တော့်အလုပ်တွေအကုန်လုံး နောက်လရွှေ့ပေးလို့ရမလား.. ကျွန်တော် ဒီတစ်လတော့ ရှောင်ပိုင်နဲ့ ကောင်းကောင်းလေး အနားယူလိုက်ချင်လို့ .. ခင်ဗျားလဲ အနားယူဦးလေ"

" အဆင်ပြေတယ်လို့သာ မှတ်ထားလိုက်ဗျာ.. ငါ့အတွက်ကိုပါ နားလည်ပေးလို့ ကျေးဇူးပါ ဘော့စ်"
ရှင်းရှောင်ဖုန်းက ပြန်ဖြေသည်။

ဟောပိုင်က ထိုနေ့က ညနက်လောက်မှ ပြန်လာသည်။ ကားပါကင်ထိုးနေရင်း ဧည့်ခန်းမှာ မီးလင်းတော့မှ တံခါးခပ်သွက်သွက်ဖွင့်ရင်း တိချိုးဟယ်ကို အပြေးအလွှားဖက်သည်။
" အားရား ခင်ဗျားပြန်ရောက်နေတာပဲ ချာတိတ်တိလေး.. ကောင်းလိုက်တာ...ဘယ်တုန်းက ပြန်ရောက်တာလဲ.. ကျွန်တော့်ကိုလဲမပြောဘူး.. လေဆိပ်မှာ  လာကြိုချင်တဲ့ဟာကို"

OUR ( One Useless Rebirth) 2Where stories live. Discover now