ကျင်းယွင်ကျောင်းသည် သူတော်စင်တစ်ယောက် မဟုတ်ပေ၊ ကိုယ်ကျင့်သိက္ခာဖြင့် အကျပ်ကိုင်သောနည်းကို သုံးရန်လည်း သူမ တစ်ခါမှ မတွေးဖူးခဲ့ပေ။ သူမက သူတို့ကြားတွင် အခြေခံ အသိတရား အများစုရှိသင့်သည်ဟု ခံစားမိရုံသာ။

ချောင်မိသားစုနှင့် နေထိုင်ခဲ့သည့် ဆယ့်ငါးနှစ်အတွင်း ယဲ့ချင်၏ သူမအပေါ်စိတ်ထားမှာ ယဥ်ကျေး၍ ခပ်တန်းတန်းသာဖြစ်သည်။ ယခု ယဲ့ချင်း လုပ်ခဲ့သမျှမှာမူ ကျင်းယွင်ကျောင်း တစ်ခါမှ စိတ်မကူးနိုင်သည့်အရာများဟုပင် ပြောနိုင်၏။ ထို့ကြောင့် သူမ အလွန်ဒေါသထွက်သွားခြင်းဖြစ်သည်။

(T/N : ယဲ့ချင်က ကျင်းယွင်ကျောင်းရဲ့အမေ၊ ယဲ့ချင်းက ဒီပြဿနာရှာတဲ့ ယဲ့ချင်းပါနော်၊ နာမည်က ဆင်နေလို့။)

အန်တီယဲ့က သူမ၏လက်များကို ယမ်းလိုက်ပြီး ...

"ငါ သဘောထားမပြည့်ဝတဲ့ သမီးတစ်ယောက်ကို ပြုစုပျိုးထောင်ခဲ့မိတာ၊ ဒါက ငါနဲ့ထိုက်တန်ပါတယ်လေ"

"ဘယ်သူကမှ ဒါနဲ့ မထိုက်တန်ပါဘူး။ အန်တီယဲ့၊ အခုအချိန်မှာ သူက လူတစ်ယောက်ကို ထိခိုက်ဒဏ်ရာရစေရုံပဲ ရှိသေးတယ်။ လူသတ်မိတဲ့ အဆင့်ထိ မရောက်သေးဘူး။ ဒါပေမယ့် အန်တီ သူ့ကို ဒီလိုသာ ဆက်ခွင့်ပြုထားမယ်ဆို အနာဂတ်မှာ သူ ဘယ်လိုပြောင်းလဲသွားမယ်ဆိုတာ စိတ်မကူးရဲလောက်အောင်ပဲ။ အန်တီက သူ့ရဲ့ အမေအရင်းပါ၊ သူ့ရဲ့ကလေးထိန်း၊ အစေအပါး မဟုတ်ဘူး။ တကယ်လို့ အန်တီ သူ့ကို ဒီနေ့ လွှတ်ပေးလိုက်မယ်၊ အန်တီ့အပေါ် ဆက်နိုင်စားခွင့်ပြုလိုက်မယ်ဆိုရင် အနာဂတ်မှာလည်း သူ အမှားတွေလုပ်ပြီး အန်တီ့ကို နိုင်စားဦးမယ့်အချိန်တွေအတွက် အန်တီ ကြိုပြီး ပြင်ဆင်ထားလိုက်တာ ပိုကောင်းမယ်။ ဒီလောက် အများကြီးပြောပြီးတာတောင် အန်တီက သူ ဘာအမှားမှ မလုပ်ခဲ့ဘူးလို့ ဆက်တွေးနေဦးမယ်ဆိုတော့ ဒီနေ့ အန်တီရဲ့သမီး ဒီလိုလူစားမျိုးဖြစ်လာတာ မထူးဆန်းတော့ပါဘူး"

ကျင်းယွင်ကျောင်း၏ အသံသည် အေးစက်ပြတ်သားနေပြီး အကြည့်များက သူမအား သာမန်လျှံကာပင် ကြည့်နေသည်။

မိဘများ သူတို့၏ သားသမီးများအား ပေးသမျှအရာတိုင်းသည် သူတို့ပြန်ရမည့်အရာများသာ ဖြစ်၏။

အတိတ်၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now