Fanfiction Space

7.9K 1.2K 322
                                    

zawgyi

" Fanfiction Spaceကနေ.. ပြန်လည်ကြိုဆိုလိုက်ပါတယ်... Host.. ဒီအတောအတွင်း.. အများကြီးပင်ပန်းသွားရပါပြီ... Missionတွေကို ကြိုးစားပမ်းစားထမ်းဆောင်ပေးတဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်...."

Taehyung မျက်လုံးဖွင့်လျှင်ဖွင့်ခြင်း ရင်းနှီးကျွမ်းဝင်သည့် ခရမ်းရောင်အခန်းငယ်လေးကို ပြန်မြင်လိုက်ရကာ ခရမ်းရောင်အလုံးလေးသည်လည်း Taehyungအရှေ့သို့ ဝဲပျံလာလျက်ဆီးကြိုနှုတ်ဆက်သည် ။

" ပင်ပန်းတာကတော့... မင်းလည်း အတူတူပါပဲ... ပင်ပန်းသွားရပြီ... ARMY..."

" ကျွန်တော့်အတွက် အဓိပ္ပာယ်ရှိတဲ့ အချိန်တွေကို ဖြတ်သန်းခဲ့ရတာပါ... Host... လုံးဝမေ့နိုင်တော့မှာ မဟုတ်ပါဘူး..."

ကုတင်ထက်ကနေထထိုင်လိုက်သည့် Taehyung၏ရင်ခွင်ထဲကိုပစ်ဝင်လာသော တစ်နှစ်သား အလုံးလေးကို Taehyungမှာ ထွေးပွေ့ပေးထားလိုက်သည် ။

" စိတ်မကောင်းစွာနဲ့ပဲ... ကျွန်တော်တို့ရဲ့ နှုတ်ဆက်ချိန်ကို ကျရောက်လာပြီပဲ...."

" ငါ မင်းကို လုံးဝမေ့မှာ မဟုတ်ဘူး.. ARMY.. အမြဲတမ်း အမှတ်ရနေမှာ..."

Host၏စကားကြောင့် Systemသည် Screenထက် Smile emojiလေးထင်ဟပ်လာခဲ့သည် ။

Hostက သူ့ကိုအမှတ်ရနေမယ်ဆိုတဲ့စကားက ဘယ်လောက်တောင်မှ ပျော်ရွှင်ကြည်နူးဖွယ်ကောင်းလိုက်သလဲ?..

ဒါပေမယ့်လည်း စိတ်မကောင်းစရာကတော့ Hostက Fanfiction Spaceကနေထွက်ခွာပြီး မိမိ၏လက်ရှိကမ္ဘာအစစ်ကိုပြန်ရောက်တဲ့အခါ ဒီFanfiction Systemနဲ့ချိတ်ဆက်ခဲ့တဲ့ ကိစ္စရပ်တို့ကို အလုံးစုံမေ့ပျောက်သွားခဲ့မှာ ။

" ကျွန်တော်က Hostနဲ့အတူ... Purple Oceanထဲမှာ ထာဝရရှိနေပြီး အမြဲတမ်းအတွက် ARMYဖြစ်နေမှာပါ.. Host.. အရင်တည်းက ဘယ်Idol Groupကိုမှ မကြိုက်နှစ်သက်ခဲ့ဖူးသလို.. BTSကလွဲ နောက်ထပ်ချစ်ခင်နှစ်သက်နိုင်မယ့် Idol Groupဆိုတာလည်း လုံးဝရှိလာတော့မှာမဟုတ်ပါဘူး... ချစ်ပါတယ်.. Host.. BTSက Hostရဲ့Memberတွေအကုန်လုံးကိုလည်း ချစ်တယ်... Kim Namjoonကိုလည်းချစ်တယ်... Hostကို ပိုပိုချစ်ပါတယ်.. ကျွန်တော့်ဘဝမှာ Hostက အချစ်ရဆုံးပါပဲ... "

𝔽𝔸ℕᖴIᑕ𝕋𝕀𝕆ℕ 𝗦𝖸𝗦𝖳𝗘𝖬 (ℂ𝕆𝕄𝗣𝖫𝗘𝖳𝗘)Where stories live. Discover now