Fanfiction 6 (2)

8.3K 1.2K 107
                                    

zawgyi

" ဝိုး.... Daebeak!..."

Gangnamရှိ ဇိမ်ခံVillaအတွင်းသို့ ကားဆိုက်သည်နှင့် Taehyungသည် တအံ့တသြ ရေရွတ်သံပြုမိလိုက်သည် ။

ခမ်းနားလှသည့် Villaသည် သစ်ပင်ပန်းမန်အလှတွေနှင့်ရော သီးသန့်ရေကူးကန်တွေနှင့်ရော မျက်စိပဒေသာဖြစ်လွန်းကာ အထက်တန်းကျလွန်းသည် ။

" ဒါက.. ငါ့အပိုင်မလား..."

" ဟုတ်ပါတယ်... Host.. ဒီVillaက ပါးမွှားပဲ ရှိပါသေးတယ်... တခြားပိုင်ဆိုင်မှုတွေလည်း အမြှောက်အမြားရှိပါသေးတယ်.. ပြောရရင် ဒီဇာတ်ကောင်က တစ်ဦးတည်းသောသားဆိုတော့.. ပြိုင်ဘက်မရှိ မိဘရဲ့အမွေကို တစ်ယောက်တည်း ဆက်ခံရမှာပါ..."

" ဝါး... နေပျော်စရာကြီးပဲ..."

Villaမှာ Taehyungတစ်ယောက်တည်းသာ နေထိုင်ကာ သန့်ရှင်းရေးသမားတွေကတော့ သုံးရက်တစ်ခါ Villaကို လာရောက်ထိန်းသိမ်းသန့်ရှင်းပေးသည် ။

ကားဂိုဒေါင်ထဲမှာလည်း ကား၆စီးထပ်ရှိသေးကာ အရောင်စုံ အမျိုးစားစုံသောကြောင့် မသိလျှင် ကားshowroonနှင့်ပင် အလားသဏ္ဍာန်တူသေးသည် ။

Taehyungသည် ညအိပ်ဝတ်ရုံနှင့်ပင် Villaကို ခြေရာထပ်သည်အထိ စူးစမ်းမှုပြုနေကာ တဝိုးဝိုးတဝါးဝါး...။

အား... နောက်ဆုံးတော့ ငါ့ရဲ့ရွှေရောင်သန်းတဲ့နေ့ရက်လေးတွေကို ပိုင်ဆိုင်ရတော့မယ်!!...

" အပျော်မစောပါနဲ့ဦး... Host... ဇာတ်လိုက်မက.. Hostကို သတ်ဖို့စေခိုင်းထားတဲ့.. ထိပ်ပြောင်က Hostကို သတ်ဖို့လက်မလျှော့သေးပါဘူး... Hostကိုသတ်ဖို့အတွက် အခွင့်ကောင်းကို ထပ်စောင့်နေပါတယ်..."

System၏အသိပေးစကားကြောင့် Taehyungမှာ ကြက်သီးလေးတွေ ဖြန်းခနဲထသွားရကာ ပျော်ပါးနေမှုတောင် ကြက်ပျောက်ဌက်ပျောက်..။

" သူ့ကို သေချာစောင့်ကြည့်ထား... Villaရဲ့လုံခြုံရေးကိုလည်း ထပ်မြှင့်ရမယ်..."

Taehyungသည် Villaထဲက သူ့၏ကိုယ်ပိုင်အခန်းဆီသို့ ရောက်လာခဲ့လျှင် ခန္ဓာကိုယ် တစ်ပတ်လည်သည်အထိ ရှုစားမိသွားကာ ဘဝင်ခွေ့သွားရသည် ။

အညိုရောင်ကို အသားပေးပြင်ဆင်ထားသည့် အခန်းက အဖိုးတန်ဇိမ်ခံပစ္စည်းများနှင့် လုံးဝကိုအထက်တန်းကျလှကာ အဝတ်လဲခန်းကလည်း သီးသန့်တည်ရှိသည် ။

𝔽𝔸ℕᖴIᑕ𝕋𝕀𝕆ℕ 𝗦𝖸𝗦𝖳𝗘𝖬 (ℂ𝕆𝕄𝗣𝖫𝗘𝖳𝗘)Onde histórias criam vida. Descubra agora