Fanfiction 2 (11)

8K 1.2K 72
                                    

zawgyi

ကုတင်ကျဉ်းကျဉ်းထက် အဝတ်မဲ့ခန္ဓာကိုယ်နှင့် စောင်ပုံအောက်မှာ လဲလျောင်းနေသည့် Taehyungကို Jungkookကတော့ ကုလားထိုင်မှာ စီးကရက်ကိုရှိုက်ဖွာရင်း အေးတိအေးစက် ငေးစိုက်ကြည့်နေသည် ။

အကိုက သူ့ကို အစ်မက ခိုင်းစေလို့ တမင်သက်သက် ကားအက်ဆီးဒင့်ဖြစ်အောင် ကြံစည်ခဲ့တာကို သူ စိတ်ထဲသိပ်မထည့်ပေမယ့် အကိုက သူ့ကိုထားပြီး အစ်မဆီသွားခဲ့မည်ကိုတော့ လုံးဝ လက်သင့်မခံနိုင်..။
အကိုက သူ့အပိုင်ပဲ ဖြစ်ရမှာ...။

ဘယ်ကိုမှ ထွက်သွားလို့ မရစေရဘူး...။

အေးတိအေးစက် သူ့အကြည့်များက အချိန်တစ်ခုကြာသည်အထိရှိနေပြီး နောက်မှ ဖြေရှင်းစရာကိစ္စများရှိနေ၍ ထိုနေရာကနေ ထထွက်လာခဲ့သည် ။

Jungkook ထွက်သွားပြီဆိုမှ Taehyung မရဲတရဲမျက်လုံးလေး ပြန်ဖွင့်ကာ ပင့်သက်ချနိုင်သည် ။
Jungkookieက စိတ်ဆိုးနေ၍လားမသိ Taehyungကိုဆက်ဆံသည့်အခါ အကြမ်းပတမ်းနှင့် အလူးအလဲခံလိုက်ရတာ သေချင်စိတ်ပင်ပေါက်သွားသည် ။

" Jungkookက Hostကို အပြင်ကနေ သော့ခတ်သွားပါတယ်.. ပြီးတော့ အစောင့်တစ်ယောက်ကိုလည်း.. ထားခဲ့တယ်..."

" ဘာ..."

Taehyung အံ့အားသင့်သွားရကာ ကုတင်ထက်ကနေ ချိနှဲ့နေသည့်ခြေထောက်များနှင့် အားတင်းဆင်းလိုက်ရရင်း အခန်းတံခါးကိုသွားဆွဲဖွင့်ကြည့်လိုက်သည့်အခါ တကယ်ကြီးကို အပြင်ကနေသော့ခတ်သွားတာ...။

ထိုနေ့မှစပြီး Taehyungဟာ အကျဉ်းချခံလိုက်ရတော့ဖြစ်သည် ။
Jungkookieက သူ့အတွက် မနက်စာ၊နေ့လယ်စာ၊ညနေစာကို လိုလေးသေးမရှိပြင်ဆင်ပေးပြီး အပြင်ကိုထွက်ခွင့်မပေး..။

Jungkookနှင့် Jeon Yura၏ စစ်အေးတိုက်ပွဲကလည်း စနေပြီဖြစ်ကာ Jungkookက သူ့၏အထောက်အပံ့ဖြစ်ပေးသော ဦးလေးဖြစ်သူအကူအညီနှင့် သူ့အစ်မ၏မတရားလုပ်ရပ်များအတွက် သက်သေခံများကို ရှာဖွေစုဆောင်းသည် ။
သို့ပေမယ့် သူရှာဖွေသည့်သက်သေခံတွေက တစ်နည်းမဟုတ်တစ်နည်းနှင့် အဖျက်ခံနေရကာ သူ့အမှုဟာ ရှုံးလုဆဲဆဲအနေအထားမှာရှိသည် ။

Taehyungဟာ အပြင်ထွက်ခွင့်မရှိပေမယ့် System၏အကူအညီနှင့် အကြောင်းအရာများကို သိခွင့်ရခဲ့သည် ။

𝔽𝔸ℕᖴIᑕ𝕋𝕀𝕆ℕ 𝗦𝖸𝗦𝖳𝗘𝖬 (ℂ𝕆𝕄𝗣𝖫𝗘𝖳𝗘)Where stories live. Discover now