Fanfiction 5 (6)

9.7K 1.3K 370
                                    

zawgyi

!! Mature scene alert !!
.
.
.

အရှင်ဂျွန်သည် သူ့ကို အတင့်ရဲလှစွာနှင့် သေရည်အိုးကိုအတင်းထိုးတိုက်နေပါသည့် ပန်းလေးကြောင့် တစ်ငုံစနှစ်ငုံစဝင်ပြီးသွားမှ ပင်ကိုယ်ဗီဇအရ အကြမ်းပတမ်း ခါထုတ်မိလိုက်သောအခါ သေရည်အိုးမှာ ကြမ်းခင်းထက်ကျကွဲသွားရသည် ။

" ခွမ်း!..."

ပုံမှန်လူကိုဆိုလျှင် သူ မျက်တော်ရှကာ အပြစ်ပေးပစ်မည်ဆိုပေမယ့် သူ့မျက်စိရှေ့က ပန်းလေးကတော့ သူ့၏အမျက်တော်ကိုပြေစေသည် ။

Taehyungမှာ ကြမ်းခင်းထက်က အစိတ်စိတ်အမွှာမွှာ သေရည်အိုးအရှေ့မှာ ငုတ်တုတ်လေးထိုင်ချမိသွားလျက် ဖိတ်စင်ကျသွားခဲ့ပြီဖြစ်သော သေရည်များကြောင့် ဝမ်းနည်းလှစွာ မျက်ရည်စတွေကရစ်ဝဲလာသည် ။

ဆေးခတ်ထားတဲ့ သေရည်အိုးက ကွဲသွားပြီ...
Jungkookieက သူ့ကို ထိမှာမဟုတ်တော့ဘူး... အင့်.. သူ့ရဲ့Missionက Failတော့မယ်..။

သေရည်တန်ခိုးနှင့်Hostဟာ အသိစိတ်ပုံမှန်မရှိတော့ဘဲ တအီအီသာရှိုက်ငိုနေလျှင် Systemမှာ ခေါင်းနဘမ်းကြီးသွားရသည် ။

" Hostရေ.. ကျွန်တော် ပြောတာကိုကြားလား.. Host.. အသိစိတ်လေးကပ်ပါ.. Host..."

ပုံ့ပုံ့လေးထိုင်ကာ သေရည်အိုး၏အကွဲအစများထံ အကြည့်ကျောက်ချနေပါသည့် ပန်းလေးကြောင့် အရှင်ဂျွန်သည် မူမမှန်မှန်းအကဲဖမ်းမိလိုက်ကာ မျက်ခုံးပင့်မိသွားရင်း ပန်းလေး၏ဘေးမှာ ဒူးတစ်ဖက်ထောက်ချကာ ထိုင်လိုက်သည် ။

စတွေ့လျှင်တွေ့ခြင်းထဲက သူ့၏အမြင်အာရုံနှင့်စိတ်ကို ဖမ်းစားသွားနိုင်ပါသော ပန်းလေး၏အလှတရားကို သူဟာ သေချာရှုစားချင်လှစွာ မေးဖျားလေးကိုဆွဲယူပြီး သူ့ဘက်လှည့်စေလိုက်သည့်အခါ မျက်ရည်စများတွဲခိုလျက်ရှိသည့် မျက်ရစ်တစ်ဖက်သာရှိသော မျက်ဝန်းအိမ်ကျယ်လှလှလေးကြောင့် ထပ်မံမှင်သက်ရပြန်သည် ။

အဘယ့်ကြောင့် ဒီလောက်တောင် လှရက်လိုက်လေသလဲ..။

ဇာပုဝါအောက်က မျက်နှာလေးကို သူ မြင်ချင်သည့်စိတ်မှာ ထိန်းချုပ်နိုင်စွမ်းကုန်ဆုံးခဲ့သည့်အခါ ဇာပုဝါကိုဖြုတ်ရန်လက်ကမ်းလင့်လိုက်သည် ။

𝔽𝔸ℕᖴIᑕ𝕋𝕀𝕆ℕ 𝗦𝖸𝗦𝖳𝗘𝖬 (ℂ𝕆𝕄𝗣𝖫𝗘𝖳𝗘)Where stories live. Discover now