Fanfiction 8 (5)

7.4K 1.2K 102
                                    

zawgyi

Taehyungသည် အထုပ်အပိုးတစ်ပွေ့တစ်ပိုက်နှင့် ဂျွန်ယောင်းလေးကိုကလည်း ချီပိုးထားရသေးကာ အချင်းချင်းလက်တွဲထားသည့် ရှင်းလေးနှင့်ဆိုယောင်းလေးကိုကလည်း စိတ်မချသလိုလှည့်ကြည့်လှည့်ကြည့်လုပ်နေရသည် ။

သူက ပိုက်ဆံကို လောလောဆယ်အသုံးလိုနေ၍ ချက်ချင်းရှာရမည်ဖြစ်ကာ ကလေးသုံးယောက်ကို မည်သို့လုပ်ရမည်မသိ..။

" ဆိုယောင်းလေးတို့.. ကစားကွင်းမှာ ကစားချင်လား..."

" ဟုတ်... မီး.. ကစားချင်တယ်... ဖေဖေ..."

" ဖေဖေက လိုက်ပို့ပေးမယ်နော်... လာ..."

Mallအတွင်းက ကလေးများအတွက် သီးသန့်ပြုလုပ်ပေးထားသည့် ကစားကွင်းကို System၏လမ်းပြမှုနှင့် Taehyungသည် ခေါ်ဆောင်လာခဲ့ကာ ဝင်ကြေးပေးပြီး ကလေးတွေကိုသေချာအပ်လိုက်သည် ။

ဂျွန်ယောင်းလေးကိုက ထားခဲ့ဖို့လုပ်သေးသော်လည်း စိတ်ကသိပ်မချ၍ ခေါ်သွားဖို့သာ ဆုံးဖြတ်ချက်ချလိုက်သည် ။
ဂျွန်ယောင်းလေးရဲ့အရွယ်က မိဘရင်ငွေ့မှာပဲရှိနေသင့်သေးတာမလား..။

" ဆိုယောင်းလေး.. ဆော့နေဦးနော်.. ဖေဖေက... ဝယ်စရာလေးရှိသေးလို့.. သွားဝယ်ဦးမယ်..."

ဆိုယောင်းလေး၏အရှေ့မှာ Taehyungသည် ဒူးတစ်ဖက်လေးထောက်ချကာထိုင်လျက် ခေါင်းသေးသေးလေးကို အသာပုတ်ပြီးဆိုလိုက်လျှင် ဆိုယောင်းလေးသည် ငိုမဲ့မဲ့လေးဖြစ်သွားသည် ။

အဖေက သူတို့ကို တစ်ခါတစ်ခါထားသွားပြီဆိုရင် အကြာကြီးပဲ..။

" ဟင့်အင်း...ဖေဖေ.. မီးလည်း လိုက်မယ်လေ.. မီးက လိမ်လိမ်မာမာလေးပဲနေမှာပါ... မီးကို မထားခဲ့ပါနဲ့နော်..."

ကလေးငယ်၏စိုးထိတ်မှုကို တွေ့လိုက်ရသည့်အခါ Taehyungသည် မှင်သက်ဆွံ့အသွားရသည် ။

" အာ.. ဖေဖေက.. ဘာလို့ ဆိုယောင်းလေးကို ထားသွားရမှာလဲ... ဖေဖေက ထားခဲ့တာ မဟုတ်ဘူး... ပြန်လာမှာ.. ဆိုယောင်းလေးဆီ ပြန်လာမှာ.. ခဏလေးပဲ..."

" အင့်... ဟင့်အင်း..."

ငိုမဲ့မဲ့ဟန်လေးနှင့် မျက်ရည်စလေးပင် စီးကျလာပြီဖြစ်သည့် ဆိုယောင်းလေးကြောင့် Taehyungဟာ လက်မလေးနှင့် ခပ်ဖွဖွလေး ပါးဖောင်းဖောင်းလေးထက်က မျက်ရည်စလေးကိုသုတ်သင်ပေးလိုက်ကာ နှစ်လိုဖွယ်အပြုံးလှလှလေးကိုပေးလိုက်သည် ။

𝔽𝔸ℕᖴIᑕ𝕋𝕀𝕆ℕ 𝗦𝖸𝗦𝖳𝗘𝖬 (ℂ𝕆𝕄𝗣𝖫𝗘𝖳𝗘)Where stories live. Discover now