Fanfiction 8 (19)

7.1K 1.2K 109
                                    

zawgyi

မမ၏အရိုးပြာအိုးနှင့် ဓာတ်ပုံတွေထည့်ထားသည့် မှန်ဘောင်အကန့်တစ်ခုအရှေ့မှာ ခြေစုံရပ်နေမိသည့်ဂျောင်ဂု..။

မမ၏ပြုံးရယ်နေပါသည့်ဓာတ်ပုံ၊ ကလေးသုံးယောက်နှင့်ရိုက်ထားပါသည့်ဓာတ်ပုံ၊ ပြီးတော့ ရိုက်ထားသည်မှာကြာမြင့်လောက်ပြီဖြစ်သည့် ကင်မ်ထယ်ယောင်းနှင့် နှစ်ယောက်တွဲပုံ..။
ထိုပုံထဲမှာ မမသည် သဘောတကျပြုံးရယ်နေခဲ့ကာ ကင်မ်ထယ်ယောင်း၏မေးဖျားလေးကို သူမ၏ဖြူနုနုလက်လေးနှင့်ချစ်စနိုးဖျစ်ညှစ်ထားကာ တလောကလုံးအလယ် အပျော်ရွှင်ဆုံးဟန်နှင့် ရယ်မောနေခဲ့တာဖြစ်သည် ။

ဂျောင်ဂုသည် ထိုပုံကိုစိုက်ကြည့်ရင်း နှလုံးသားက တင်းကြပ်မှုနှင့်အတူ အပြစ်ရှိစိတ်တို့က အလုံးအရင်းဝင်ရောက်လာသည် ။

သူက အချစ်နှင့်မထိတွေ့ဖူးသေးသည့်လူတစ်ယောက်ဖြစ်ပေမယ့် ကင်မ်ထယ်ယောင်းအပေါ်ထားရှိနေသည့် သူ့၏စိတ်တွေကိုဝေဖန်မပိုင်းခြားနိုင်လောက်သည်အထိတော့ မနုံအဘူး..။

မဖြစ်သင့်ဘူးမလား...။
ဒါက... လုံးဝကို မဖြစ်သင့်ဘူးလေ..။
မမရဲ့အမျိုးသားကိုမှ သူက ချစ်မိသွားတာ..။

" တောင်းပန်ပါတယ်... မမ... ကျွန်တော်.. တောင်းပန်ပါတယ်.. ကျွန်တော်တောင်းပန်ပေမယ့်... ထိန်းချုပ်လို့လည်း မရဘူး.. အဲ့ဒီ့လူကို.. သဘောကျတဲ့စိတ်တွေကို.. ထိန်းချုပ်လို့ မရခဲ့ဘူး..."

မမအပေါ်မှာ အရမ်းအားနာလွန်းရသည်ကြောင့် ဂျောင်ဂုသည် ခေါင်းမဖော်ရဲဘဲငုံ့ချမိလိုက်သည့်အခါ မျက်ရည်စက်တွေက ကြမ်းခင်းထိတိုင် ကြွေခဆင်းသက်သွားရသည် ။

ကင်မ်ထယ်ယောင်းနဲ့သုံးလပြည့်သည်အထိ နေပြီးသွားသည့်အခါကျလျှင်တော့ သူဟာ ကင်မ်ထယ်ယောင်းကိုစိတ်မဖြတ်နိုင်ရင်တောင် ကျောခိုင်းထွက်ခွာလာခဲ့မှာပါ..။
အဲ့ဒါကြောင့် ကျန်တဲ့အချိန်လေးအတွင်းမှာတော့ အဲ့လူကို ဆက်ပြီးသဘောကျနေလို့ရတယ်မလား..။

မမကိုတွေ့ပြီးသည့်အခါ ဂျောင်ဂုသည် အသက်ကင်းမဲ့သည့်ဟန်နှင့်အိမ်ကိုပြန်လာခဲ့သော်လည်း ခြံဝင်းထဲက ကြိုးတန်း၌ လျှော်ဖွတ်ပြီးသွားသော ကလေးတွေ၏အဝတ်အစားများကိုလှန်းနေသည့် ကင်မ်ထယ်ယောင်းကိုတွေ့လျှင် ခြေစုံရပ်ကြည့်မိသွားသည် ။

𝔽𝔸ℕᖴIᑕ𝕋𝕀𝕆ℕ 𝗦𝖸𝗦𝖳𝗘𝖬 (ℂ𝕆𝕄𝗣𝖫𝗘𝖳𝗘)Where stories live. Discover now