Fanfiction 10 (6)

7.6K 1.2K 241
                                    

zawgyi

" ၂၄ရာခိုင်နှုန်းထိ တက်လာပါပြီ.. Host.. ညတုန်းက နယ်စားမင်းကလည်း နှင်းဆီပွင့်ဖတ်လွှာအစား ဒေစီပန်းတွေကိုပြောင်းလဲအသုံးပြုခဲ့သေးတယ်... ကျွန်တော်တို့ တာထွက်တော့ကောင်းပုံပဲ...."

" စိတ်ချထားလို့မရသေးဘူး... လီလီကိုလည်း မျက်ခြေမပြတ်စောင့်ကြည့်ထားဦး..."

" ဟုတ်ကဲ့ပါ Host...."

မနက်ခင်း ကော်ဖီသောက်ချိန်၌ နန်းတွင်းသူတွေသည် အိမ်ရှေ့စံ သောက်သုံးလေ့ရှိသော ကော်ဖီခါးခါးအား လာရောက်ဆက်သထားသော်လည်း Taehyungသည်ထိတွေ့ခြင်းမရှိဘဲ ကိတ်မုန့်ကိုသာ ဇွန်းဖျားလေးနှင့်အသာဖဲ့ယူရင်း စားသုံးနေသည် ။

အိမ်ရှေ့စံဖြစ်သည့်အလျောက် နန်းတွင်းရေးရာ နိုင်ငံရေးရာများကို တောက်လျှောက်စီမံနေရကာ System၏အကူအညီသာမရှိလျှင် Taehyungတစ်ယောက် အတော်လေးခေါင်းခဲရမှာဖြစ်သည် ။

အခုကိုလည်း ပညာရှိမူးမတ်များက တင်ပြလာသောအစီအရင်ခံစာများကို စစ်ဆေးပြီး ပယ်ချသည်ကိုပယ်ချ ခွင့်ပြုသည့်အရာများကိုတော့ လက်မှတ်ထိုးကာ တော်ဝင်တံဆိပ်တုံးနှိပ်ပေးရသည် ။

" ဝါး... အစီရင်ခံစာတွေက အတောကိုမသတ်နိုင်ပါလား.. အရှင်ဂျွန်စီမံခဲ့တုန်းကတော့ ဘေးကနေလိုက်ကြည့်ထားတာ လွယ်သလိုပဲကို.."

" ဒါတောင် ကျွန်တော့်ရဲ့အကူအညီပါလို့ပါနော်..."

" ဟုတ်ပါတယ်... ကျေးဇူးကြီးမြတ်လှပါတယ်...."

" နယ်စားမင်းက.. သူ့ရဲ့အဆောင်ကနေထွက်လာပါတယ်.. Host.. ကြည့်ရတာ.. Hostဆီလာပုံပဲ..."

System၏အသိပေးမှုကြောင့် Taehyungသည် စာဖတ်ခန်းအတွင်းကနေထကာ ရေချိုးခန်းဆီဦးတည်လိုက်ရင်း အဝတ်အစားများကိုဆွဲချွတ်လိုက်သည် ။

" ဒီအချိန်မှ ရေကောက်ချိုးမယ်ဆိုရင်.. မမှီတော့ဘူးလေ... Host.. ဂျောင်ဂုက... ဒေစီပန်းခင်းနားကိုရောက်နေပြီ..."

" မမှီရင် မချိုးဘူးပေါ့...."

ရွှေရောင်အဆင်းဝင်းမွတ်နေသည့် ဗလာကျင်းခန္ဓာကိုယ်ထက် မီးခိုးရောင်ရေချိုးဝတ်ရုံအား လွှမ်းခြုံဝတ်ဆင်လိုက်ကာ ကြိုးစကိုလျော့တိလျော့ရဲသာချည်နှောင်လိုက်ပါသည့် Taehyungသည် မိမိ၏လှိုင်းကြီးသဏ္ဍာန်ဆံနွယ်ကိုလည်း ပို၍ခပ်ဖွာဖွာဖြစ်အောင်ဆွဲဖွလိုက်သည် ။

𝔽𝔸ℕᖴIᑕ𝕋𝕀𝕆ℕ 𝗦𝖸𝗦𝖳𝗘𝖬 (ℂ𝕆𝕄𝗣𝖫𝗘𝖳𝗘)Where stories live. Discover now