Fanfiction 7 (17)

7.8K 1.1K 63
                                    

zawgyi

မင်ချယ်အွန်း၏နာရေးခန်းမ၌ အနက်ရောင်ဝတ်စုံပြည့် ဝတ်ဆင်ထားသည့်လူများသည် တဖွဲဖွဲဝင်ရောက်လျက် ဂါဝရပြုနေကြသည် ။

ဂန္ဓမာအဖြူရောင်ပန်းများအလယ် ဖြူစင်စွာနှင့်ပြုံးရယ်နေပါသည့် မိန်းမငယ်လေး၏ပုံရိပ်သည် လာရောက်ဂါဝရပြုသူတိုင်းကို နှမြောတသစွာနှင့်စုတ်သတ်မိစေသည် ။

အနက်ရောင်ဝတ်စုံပြည့်ကို ဝတ်ဆင်ထားသည့်ဂျောင်ကုသည်လည်း မင်ချယ်အွန်း၏နာရေးခန်းမကို ဝင်ရောက်လိုက်သည့်အခါ နာကျင်စွာရှိုက်ငိုနေပါသည့် မင်ချယ်အွန်း၏မိခင်ဖြစ်သူမှာ ဂျောင်ကုကိုမြင်သည်နှင့် ဒေါသတကြီးမုန်းတီးလှစွာ လာထုရိုက်သည့်အခါ သူမကိုသူမ၏ယောက်ျားနှင့်အမျိုးတစ်ချို့က ဖမ်းဆီးထိန်းချုပ်လိုက်ရသည် ။

" နင့်ကြောင့်!!.. ငါ့သမီးသေရတာက နင့်ကြောင့်ပဲမလား!!.. အင့်.. နင်က ငါ့သမီးကို လာတွေ့ပြီးချင်းချင်း... ငါ့သမီးလေးက သေသွားခဲ့ရတာ..."

ဂျောင်ကုသည် မင်ချယ်အွန်းမိခင်၏စွဲချက်များကို မငြင်းဆန်နိုင်သလို အမှန်တကယ်လည်း သူ့ပယောဂကပါဝင်သည် ။

" စိတ်ထိန်းပါဦး.. မိန်းမရယ်..."

" ကျွန်မကိုလွှတ်!.. အင့်...အီး.. သနားဖို့ကောင်းလိုက်တဲ့ ကျွန်မတို့ရဲ့သမီးလေး..."

" မိန်းမ!!..."

သွေးရူးသွေးတန်းနှင့်အော်ဟစ်ငိုရှိုက်ပြီး သတိလစ်သွားခဲ့သည့် မင်ချယ်အွန်းအမေကြောင့် သူမ၏ယောက်ျားနှင့်အမျိုးတွေမှာ သူမ၏ခန္ဓာကိုယ်ကိုစိုးရိမ်တကြီးနှင့် ပွေ့ချီသယ်ထုတ်သွားကြသည် ။

ထိုအခါမှ နာရေးခန်းမထဲ၌ ဆူညံသံတို့ကင်းဝေးသွားရကာ ဂျောင်ကုသည် မင်ချယ်အွန်း၏ရုပ်ကလပ်ထည့်ထားသည့် အခေါင်းရှေ့မှာရှေ့စုံရပ်လိုက်ကာ ဂန္ဓမာအဖြူရောင်တစ်ပွင့်ကို တင်ဆောင်ပေးလိုက်သည် ။

မင်ချယ်အွန်းနှင့် နောက်ဆုံးတွေ့ခဲ့စဉ်တုန်းက ထူးထူးဆန်းဆန်း ပြောဆိုပြုမှုခဲ့သည့်မင်ချယ်အွန်း၏ပုံရိပ်တွေက ဂျောင်ကုကို ပဟေဠိဖြစ်စေမှုနှင့်အတူ နှောင့်ယှက်နေဆဲ..။

𝔽𝔸ℕᖴIᑕ𝕋𝕀𝕆ℕ 𝗦𝖸𝗦𝖳𝗘𝖬 (ℂ𝕆𝕄𝗣𝖫𝗘𝖳𝗘)Where stories live. Discover now