Fanfiction 6 (6)

7.7K 1.2K 97
                                    

zawgyi

Jungkookသည် ညအိပ်ရာဝင်ချိန်သို့ရောက်သည့်အခါ ကိုယ်လက်သန့်စင် ရေတစ်ခေါက်ထပ်ချိုးပြီးမှ အိပ်တတ်သည့်သူဖြစ်သည် ။
သို့ဖြစ်၍ အခုကိုလည်း ရေချိုးကာ ညအိပ်ဝတ်ရုံကိုစည်းနှောင်ပြီး ကုတင်ထက်မှာနေရာယူလိုက်စဉ် သူ့ဖုန်းဆီကနေ Notiတွေက ဆက်တိုက်ဆိုသလို တတောင်တောင်နှင့်တက်လာသည် ။

တစ်ခါမှ ယခုလိုNotiတွေ မဝင်လာဖူး၍ သူ့မျက်မှောင်တို့က အနည်းငယ်စုကြုံ့သွားလျက် ဖုန်းကိုကောက်ယူကြည့်လိုက်သည့်အခါ ဖုန်းနံပါတ်အစိမ်းတစ်ခုက မတ်ဆေ့ခ်ျတွေတန်းစီပို့နေတာဖြစ်သည် ။

'Hello Hello...။

'Hello.. Daddyရေ..။

'အိပ်ပြီလား.. မအိပ်သေးဘူးလား..။

'ညဆိုတော့ Daddyကို လွမ်းလို့..။

'လွမ်းတယ်ဆိုတာထက်.. လိုအပ်တယ်လို့ပြောရင် ပိုမှန်မယ်..။

'Daddy.. Daddy.. Please s** me..။

'f**k me..။

'မှန်အောင် ကွက်လပ်ဖြည့်နိုင်ရင် လူကို အလကားရမယ်နော်..။

ပေါက်ပန်းလေးဆယ် မတ်ဆေ့ခ်ျတွေက ဆက်ပင်ဖတ်ဖို့ရာ မသင့်တော်သည်ဖြစ်၍ Jungkookသည် စိတ်ရှုပ်ရှုပ်နှင့်ပင် ဖုန်းပိတ်ချလိုက်သည် ။

သို့ပေမယ့် မတ်ဆေ့ခ်ျဝင်သံက တတောင်တောင်နှင့်တက်နေဆဲဖြစ်၍ ထိုဖုန်းနံပါတ်ကို blockလိုက်သည် ။

ထိုအခါမှ အသံတို့က ပြန်ဆိတ်ငြိမ်သွားခဲ့ကာ ညအိပ်မီးအိမ်လေးကို ပြောင်းလဲထွန်းညှိ၍ အိပ်စက်ရန် ခေါင်းအုံးထက်ခေါင်းချရုံပင်ရှိသေးသည်၊ ဆက်တိုက်ဆိုသလို Notiများကတတောင်တောင်နှင့်တက်လာပြန်သည် ။

Jungkook ဖုန်းကို ယူကြည့်လိုက်ရပြန်ကာ ထင်သည့်အတိုင်း ဟိုကလေးက နောက်ဖုန်းနံပါတ်တစ်ခုနှင့် လက်ဆော့ထားပြန်တာ..။

ဒီဖုန်းနံပါတ်ကို ထပ်blockလိုက်သည့်အခါလည်း နောက်ထပ်ဖုန်းနံပါတ်တစ်ခုနှင့် စာတွေထပ်ပို့လာပြန်သည့်အခါ Jungkook သည်းမခံနိုင်တော့ဘဲ ထိုကလေးကို ဖုန်းခေါ်ဆိုလိုက်သည် ။

" Hello.. Daddy... Daddyက.. ကျွန်တော့်ကို အရင်ဖုန်းခေါ်လာတာပဲ.. ဘာလို့လဲ.. ကျွန်တော့်ရဲ့ ဆွဲဆောင်မှုရှိလှတဲ့ အသံလေးကို ကြားချင်လို့မလား..."

𝔽𝔸ℕᖴIᑕ𝕋𝕀𝕆ℕ 𝗦𝖸𝗦𝖳𝗘𝖬 (ℂ𝕆𝕄𝗣𝖫𝗘𝖳𝗘)Wo Geschichten leben. Entdecke jetzt