Fanfiction 9 (11)

6.7K 1.1K 62
                                    

zawgyi

" အဆင်ပြေရဲ့လား... Jungkookလေး..."

" ဗျ...ဗျာ?.. "

" မင်းကိုကြည့်ရတာ ချွေးတွေပျံနေသလားလို့လေ..."

" အာ.. ပြေပါတယ်... ဆရာကြီး... ကျွန်တော် ပူ..ပူလို့ပါ..."

Jungkookသည် စားပွဲပေါ်တင်ထားသည့်လက်နှစ်ဖက်အချင်းချင်းကို တင်းကြပ်စွာ ပူးကပ်ဆုပ်ကိုင်ထားရင်း နွေးထွေးသည့်လေငွေ့ကို ထပ်မံခံစားလိုက်ရသည့်အခါ အံတင်းတင်းကြိတ်မိလိုက်သည်ကြောင့် မေးရိုးကြောများထောင်သွားရသည် ။

အောက်ကဟာလေးက အလိုက်တစ်ချက်မှမသိဘဲ လေပူတွေသာဇွတ်မှုတ်ထုတ်နေကာ Jungkook၏ပေါင်တံနှစ်ခုကိုကလည်း လက်နှစ်ဖက်လုံးနှင့် အားပြုထားသေးသည် ။

" အဲယားကွန်းက မကောင်းလို့လား... "

" မဟုတ်ပါဘူး..."

" ဘယ်မှာလဲ... ရီမု... ဆရာကြီးက အရှိန်မြင့်ပေးမယ်..."

" ရ..ရတယ်.. ဆရာကြီး... ပြောမှာက.. အဲ့ဒါပဲမလား..."

" အော... ဆရာကြီး အကူအညီတောင်းပါတယ်... ဘယ်လိုလဲ... တာဝန်ယူပေးဖို့အဆင်ပြေတယ်မလား..."

" ဟုတ်.. ပြေတာမလို့... ဆရာကြီး လုပ်စရာရှိတာ သွားလုပ်လိုက်ပါ..."

" ကျေးဇူးပဲနော်... Jungkookလေး..."

" ဟုတ်ကဲ့... သွား..သွားပါတော့...."

ဆရာကြီးက စကားထပ်ဆိုချင်သေးပုံရသော်လည်း Jungkookက အတင်းနှင်နေ၍ နှုတ်ဆက်ပြီးထွက်ခွာသွားခဲ့သည် ။

" ဝုန်း!.."

တံခါးပိတ်ပြန်စေ့ပိတ်သွားမှ Jungkookသည် ချက်ချင်းပင် ထိုင်ခုံကိုနောက်သို့ခပ်ဝေးဝေးတွန်းတိုက်ဆုတ်လိုက်လျှင် ဘီးတပ်ထားသည့်ထိုင်ခုံလေးမှာ လျှောခနဲ အနောက်လှမ်းလှမ်းရောက်သွားသလို Jungkookနှင့် ခုံစွန်းမှာမေးဖျားတင်ပြီး အားပြုထားပါသော Taehyungမှာ စားပွဲခုံအောက်ထဲကနေ မှောက်လျက်လေး ပြိုလဲသွားတော့သည် ။

" အား...အ..."

အရှိန်ပြင်းပြင်း ကျသွားရပါသည့် Taehyungမှာ အထိနာသွားရသော်လည်း မျက်နှာကြီးရဲပလောင်းခတ်နေသည့် Jungkookကတော့ တစ်ချက်တောင်ဂရုစိုက်မလာဘဲ ထိုင်ခုံကနေထရပ်ပြီး ဟိုဘက်လျှောက်ရမလို၊ဒီဘက်လျှောက်ရမလိုနှင့် မေးရိုးကြောကလည်းထောင်တင်းနေသေးသည် ။

𝔽𝔸ℕᖴIᑕ𝕋𝕀𝕆ℕ 𝗦𝖸𝗦𝖳𝗘𝖬 (ℂ𝕆𝕄𝗣𝖫𝗘𝖳𝗘)Where stories live. Discover now