Fanfiction 10 (2)

8.1K 1.2K 141
                                    

zawgyi

" အား... ဘာလို့ ကော်ဖီအရသာက သေလောက်အောင် ခါးရတာလဲ..."

" black coffeeလေ.. Hostရယ်.. ကျွန်တော် မတားနိုင်လိုက်ခင် Hostက သောက်လိုက်တာကိုး..."

Taehyungသည် ခါးသက်လွန်းသည့်အရသာကြောင့် စားပွဲထက်က သကြားခဲထည့်ထားသည့် ကြွေခွက်အဖြူလေးထဲကနေ သကြားခဲတစ်ခဲကို ကောက်ယူငုံလိုက်ရပြီး စားပွဲထက်မှာပင်ထားပေးထားသည့် လက်ကိုင်ပုဝါအဖြူနှင့် နှုတ်ခမ်းသားကိုသုတ်လိုက်ရသည် ။

သူ့၏ထွေးထုတ်လိုက်မှုကြောင့် အဖြူရောင် စားပွဲခင်းမှာလည်း ကော်ဖီစက်များက အနည်းငယ် စွန်းကျံသွားသည် ။

" ဒီဇာတ်ကောင်က မနက်ခင်းတိုင်း ကော်ဖီခါးခါးတစ်ခွက်နဲ့ စတင်လေ့ရှိပါတယ်... Hostသောက်လိုက်တာက ဒီဇာတ်ကောင်သောက်နေကျ ကော်ဖီခါးခါးပေါ့..."

" ငါက... ပုံမှန်ကော်ဖီကိုတောင် မသောက်နိုင်တာကို.. အခုဟာက.. ခါးလိုက်တာ.. ငါ့အကြိုက်နဲ့ကွဲလွဲလွန်းနေတာပဲ..."

" Authorတွေဆိုတာက.. သူတို့ဖန်တီးတဲ့Fictionတွေအတွက် Godပဲလေ.. Host.. သူတို့က... ကော်ဖီခါးခါးကိုကြိုက်ဆိုလည်း.. ကြိုက်ရပါတယ်... မြာပွေဆိုလည်း... ပွေရပါတယ်... တခြားတစ်ယောက်ကိုကြိုက်ဆိုလည်း.. ကြိုက်ရပါတယ်... ဖောက်ပြန်ဆိုလည်း.. ပြန်ရပါတယ်... ပျော့ညံ့ဆိုလည်း ပျော့ညံ့ရပါတယ်..."

" ရပြီ.. ရပြီ... အဲ့လောက်ပြောရင်... ငါ နားလည်ပြီ..."

" ဟုတ်ကဲ့ပါ... Host..."

" ငါက... ဘယ်အချိန်ကိုရောက်လာတာလဲ..."

" ကံကောင်းတယ်ပြောရမလား... ကံဆိုးတယ်ပြောရမလား..."

" ဘာလို့လဲ..."

" မင်းသမီး ဆိုဖီယာနဲ့ ဂျောင်ဂုတို့ရဲ့... လက်ထပ်မဂ်လာပွဲကျင်းပဖို့ စီစဉ်နေတဲ့အချိန်ကို ရောက်လာတာပါ... ဆိုဖီယာက ဂျောင်ဂုနဲ့လက်မထပ်ချင်လို့ သူ့ရဲ့အဆောင်မှာ မဂ်လာပွဲကိုပျက်အောင်ဘယ်လိုလုပ်ရမလဲဆိုတာကို ကြံစည်နေတဲ့အချိန်ဖြစ်ပြီး ဂျောင်ဂုကတော့ မဂ်လာပွဲအတွက် လက်ခံပြီး ဂယောင်းဒိုနယ်ကနေ နန်းတော်ကို သူ့ရဲ့အစေခံအခြွေရံတွေနဲ့ လာတော့မယ့်အချိန်ဖြစ်ပါတယ်..."

𝔽𝔸ℕᖴIᑕ𝕋𝕀𝕆ℕ 𝗦𝖸𝗦𝖳𝗘𝖬 (ℂ𝕆𝕄𝗣𝖫𝗘𝖳𝗘)Where stories live. Discover now