Fanfiction Space

7.5K 1.1K 43
                                    

zawgyi

" Fanfiction Spaceကနေ.. အားရဝမ်းမြှောက်စွာနဲ့ ပြန်လည်ကြိုဆိုလိုက်ပါတယ်.. Hostရေ!!..."

Taehyungအသိဝင်သည်နှင့် တစ်နှစ်သားSystemလေးမှာ ဝမ်းသာသလိုလို ဆိုနင့်သလိုလို ခံစားချက်ကြီးနှင့်ကြိုဆိုလိုက်ကာ Taehyung၏ရင်ခွင်ထဲသို့ပစ်ဝင်လာခဲ့သည် ။

" ငါ့ရဲ့တစ်နှစ်သားလေးလည်း.. အရမ်း ပင်ပန်းသွားခဲ့ရပြီ.. တာဝန်ကျေပါတယ်... ငါ့ရဲ့တစ်နှစ်သားလေး..."

" အီး...အင့်... ဒီလို နှစ်သိမ့်မှုမျိုးကို ကျွန်တော် လိုအပ်နေခဲ့တာပါ.. အီး...ဟီး... အမှောင်ကြီးထဲမှာ.. ကျွန်တော်တစ်ယောက်တည်း.. ရက်ပေါင်းများစွာ နေခဲ့ရတယ်... ကြမ်းခင်းကြီးကလည်း အေးစက်နေတာပဲ.. အင့်... Hostကို စိုးရိမ်စိတ်ပူပြီး သောကတို့နဲ့ရှင်သန်ခဲ့ရတယ်.. ကျွန်တော်က သာမန်အလုံးလေး ဖြစ်သွားခဲ့တော့မလို့.. သိလား... အီး...."

" ကျွတ်..ကျွတ်... သနားစရာ ငါ့ရဲ့တစ်နှစ်သားလေး.. တိတ်..တိတ်..."

" ကျွန်တော့်ရဲ့ကြောက်ရွံ့မှုတွေ လျော့ပါးအောင်လို့.. တင်းတင်းကြပ်ကြပ် ထွေးပွေ့ပေးထားပါ.. Host... အင့်.. popoလည်းပေးရင် ပိုသက်သာမယ်လို့ ထင်ပါတယ်..."

" Aigoo.. ပေးရမှာပေါ့.. မွ..မွ..."

Taehyungက ခရမ်းရောင်အလုံးလေး၏ထိပ်ကို အနမ်းတို့တစ်ဖွဖွပေးလိုက်မှ တစ်နှစ်သားSystemလေးသည် အရည်ပျော်ကျနေသည့်emojiလေးနှင့် Taehyung၏နှစ်သိမ့်ထွေးပွေ့မှုကို အချိန်တစ်ခုကြာသည်အထိ ခံယူနေတော့သည် ။

" Fanfiction 6ရဲ့မှတ်တမ်းတွေက လုံးဝကို ပျက်သွားခဲ့တာ.. Host.. ဘယ်လိုပြန်ဆယ် ပြန်ဆယ်မရတော့ဘူး... Errorပဲပေါ်နေတယ်..."

Fanfiction Screenထက်မှာ Errorဟူသည့် စကားလုံးမှာထင်းနေလျက် Systemက Taehyungကို မှတ်တမ်းအားပြန်ပြသနေသည် ။

" ဒါဆိုရင်.. ငါတို့က အမည်မသိနှောင့်ယှက်သူရဲ့အကြောင်းကို လိုက်လို့မရတော့ဘူးပေါ့.. ဘယ်တတ်နိုင်မလဲ..."

" သူ့မှာရှိတဲ့ cardတွေက မရိုးရှင်းဘူး.. Host.. တစ်ခုခုတော့ ရှိနေလိမ့်ဦးမယ်... သူ့မှာကန့်သတ်ချက်တွေက ရှိတော့ရှိနေပေမယ့်.. ကျွန်တော်တို့က Mission အောင်မြင်သွားတဲ့တိုင်တောင် သူ့အကြောင်းကို သေချာမလိုက်နိုင်ဘူး..."

𝔽𝔸ℕᖴIᑕ𝕋𝕀𝕆ℕ 𝗦𝖸𝗦𝖳𝗘𝖬 (ℂ𝕆𝕄𝗣𝖫𝗘𝖳𝗘)Where stories live. Discover now