Fanfiction 3 (20)

8.4K 1.2K 124
                                    

zawgyi

တောတောင်အနီးပတ်ဝန်းကျင်ဆီကနေ သစ်ကိုင်းခြောက်များကိုကောက်၍ ခဲရာခဲဆစ် မီးမွှေးလို့ရသွားသည့် Taehyung၏မျက်နှာမှာ အိုးမည်းတို့က တစွန်းတစ စွန်းကျံလျက်ရှိသလို ချွေးဇောများလည်းကပ်ညှိနေလျက် ငိုရှိုက်ထားမှုကြောင့် မျက်ဝန်းတို့ကဖောင်းအစ်နေကာ ရှိုက်သံတို့ကထွက်ပေါ်နေသေးသည် ။

" ဟုတ်တယ်... Host.. အဲ့ဒီ့ဆေးပင်...."

မီးစစွဲနေသည့်သစ်ကိုင်းတစ်ခုဖြင့် ဆေးဖက်ဝင်အပင်ကိုရှာဖွေကာ ခံတွင်းထဲမှာပင် ကြေညက်အောင်ဝါးလိုက်ပြီး မြက်ခင်းပြင်ထက်တွင် အဝတ်အစားကိုခေါင်းအောက်ခုပေးထားသော ဂျောင်ဂု၏ သေနတ်ဒဏ်ရာအပေါ်သို့ တုန်ယင်နေသည့်လက်အစုံဖြင့် ဆေးထည့်ပေးလိုက်သည် ။

ဖြူဖျော့သည့်မျက်နှာနှင့် ချွေးဇောများထွက်နေသည့် ဂျောင်ဂုက အနာရှိန်ကြောင့်အဖျားတက်လျက်ရှိပြီး သတိကလုံးဝကိုပြန်မလည်လာ..။

" အင့်...."

Taehyung ကျဆင်းနေသည့်မျက်ရည်တို့ကို လက်ဖမိုးနှင့်ဖိဆွဲသုတ်ရင်း လက်ကိုင်ပဝါလေးကို သောက်ရေနှင့်စွတ်လိုက်ကာ ဂျောင်ဂုကို ပွတ်တိုက်ပေးကာပြုစုနေသည်မှာ အခုထိတစ်ချက်မျှ အနားမယူသေး..။

" အဆင်ပြေသွားမှာပါ... Host..."

Systemက Taehyungကို တောက်လျှောက်အားပေးစကားများဆိုရင်း နှစ်သိမ့်မှုပြုနေပေမယ့် သူကိုယ်တိုင်လည်း အဆင်မပြေပေ..။

ဇီးရိုးရာခိုင်နှုန်းမှာ ရပ်ကျသွားသည့် Fanfiction၏ဘားတန်းလေးကိုကြည့်ကာ Hostကိုလည်း အပူကထပ်မမျှဝေချင်နှင့် Errorတက်ရသည့် အကြောင်းအရင်းကို တစ်ဖက်တစ်လမ်းကနေ ရှာဖွေပြုမိသည် ။

Author၏ဇာတ်ကြောင်းထဲမှာ မပါသည့် ဤဇာတ်ကွက်က ဘာကြောင့်ဖြစ်တည်လာသလဲ သူ မသိ..။

" Hostလည်း အနားခဏယူလိုက်ပါဦး... Hostပါ လဲသွားရင်.. Hostတို့နှစ်ယောက်.. မိုင်းတွင်းကိုမပြန်နိုင်ဘဲ ဖြစ်သွားပါလိမ့်မယ်..."

ဂျောင်ဂု၏သေနတ်ဒဏ်ရာက သွေးတိတ်သွားပြီးဆိုပေမယ့် အဖျားတက်ကာ သတိလစ်နေဆဲပင်..။
Taehyung၏လက်နှင့် အဝတ်အစားတို့မှာတော့ သွေးချွေးများက ပေကျံလျက် Taehyungမှာ မြက်ခင်းပြင်ထက်တွင် ပုံ့ပုံ့လေးထိုင်ရင်း ဂျောင်ဂုကို ငေးစိုက်ကြည့်နေမိသည် ။

𝔽𝔸ℕᖴIᑕ𝕋𝕀𝕆ℕ 𝗦𝖸𝗦𝖳𝗘𝖬 (ℂ𝕆𝕄𝗣𝖫𝗘𝖳𝗘)Wo Geschichten leben. Entdecke jetzt