Fanfiction 6 (1)

11.4K 1.3K 268
                                    

zawgyi

" Hostရေ!! ခေါင်းငုံ့ရှောင်!!.. ခေါင်းငုံ့ရှောင်!!...."

Taehyungသည် အသိဝင်လျှင်ဝင်ခြင်း Fanfictionကမ္ဘာ၏အချက်အလက်များကို လက်မခံရသေးခင်မှာပင် System၏အလန့်တကြား အသိပေးချက်ကြောင့် ကပျာကယာပင် ခေါင်းငုံ့ရှောင်လိုက်ပါလျှင် သူ့၏ဦးခေါင်းထက်ကနေ လေအရှိန်ဖြင့်လွှဲရိုက်လာပါသည့် ဘေ့ဘောစ်ရိုက်တံမှာ နံရံကပ်မှန်ဗီဒိုထံ ကျရောက်သွားသည် ။

" ခွမ်း!..."

" ပြေးပါ!! Host... ပြေး!.. ပြေး!...."

မှန်စများသည် ကြမ်းခင်းထက်မှာ လွှင့်စင်ကျသွားခဲ့ကာ Taehyungကို မရိုက်မိလိုက်သော ထိုလူသည် ဘေ့စ်ဘောတုတ်တံကိုင်လျက်သားနှင့်ပင် Taehyungအား သည်းကြီးမည်းကြီး လိုက်လံရိုက်နေသည် ။

" ဖြောင်း!...."

Taehyungမှာ ဘာမှလိုက်မမှီသေး၍ ထိုလူ့ရိုက်ချက်များကိုသာ ကြောက်လန့်တကြားနှင့် ရှောင်လွှဲနေရသည် ။

ထိုလူသည် အနက်ရောင် ဝတ်စုံပြည့်နှင့် ခက်ထန်သည့်မျက်နှာပေးရှိကာ Taehyungကို မီးဝင်းဝင်းတောက်နေသည့်အကြည့်များနှင့်ကြည့်နေကာ အမှန်တကယ် လူသတ်လိုစိတ် အရိပ်အယောင်များက သိသိသာသာ ။

Taehyungကို ဘေ့ဘောစ်တုတ်တံနှင့် လိုက်လွှဲယမ်းနေရာမှ စိတ်မရှည်ဖြစ်လာသော ထိုလူသည် ခါးကြားထဲကနေ ဓားမြှောင်ကိုဆွဲထုတ်လာခဲ့လျှင် Systemရော Taehyungရောမှာ မျက်လုံးပြူးမျက်ဆံပြူးနှင့် ပျာပန်းခတ်သွားရသည် ။

" အခန်းထဲကနေ ထွက်ပြေးပါ!!.. Host!!.. လူများတဲ့နေရာကို ရှောင်ပြေးပါ!!...."

System၏အသိပေးချက်ကြားမှ Taehyungလည်း ကြောက်ဇောနှင့်အတူ ကတုန်ကယင်ပင် အခန်းတံခါးရှိရာဆီ ပြေးရသည် ။
သို့ပေမယ့် ထိုလူက အပြေးမခံဘဲ Taehyung၏လမ်းမှာ ဓားတယမ်းယမ်းနှင့် ပိတ်ရပ်လာသည့်အခါ Taehyungမှာ အလှပန်းအိုးကြီးအား ကောက်မလျက် ထိုလူထိုးလာသည့်ဓားချက်ကိုရှောင်လွှဲကာ ပြောင်သလင်းခါနေသည့် ထိုလူထိပ်ကို ရိုက်ချမိလိုက်သည် ။

" ခွမ်း!!..."

" ပြေးပါ! Host!!... ပြေး...ပြေး!!..."

မူးဝေသွားပုံရသည့် ထိုလူ့ကိုတွန်းတိုက်ပြီးမှ အခန်းတံခါးအားဆွဲဖွင့်လိုက်သည့်အခါ ပြောင်လက်နေသည့်ကြမ်းခင်းနှင့်အတူ လျှောက်လမ်းအရှည်ကြီးကိုတွေ့လိုက်ရသည် ။

𝔽𝔸ℕᖴIᑕ𝕋𝕀𝕆ℕ 𝗦𝖸𝗦𝖳𝗘𝖬 (ℂ𝕆𝕄𝗣𝖫𝗘𝖳𝗘)Where stories live. Discover now