Fanfiction 2 (5)

8.8K 1.3K 239
                                    

zawgyi

" ဝိုး... ကားစက်နိုးလို့ ရသွားပြီပဲ..."

" ကျွန်တော် ပြောသားပဲ.. ကျွန်တော်က အမြဲမှန်ကန်ပါတယ်လို့.."

" ရက် ၂ဝမှ ကားတစ်စီးပြင်ပြီးတာပဲ..."

Taehyungက သူဒီFanfictionလောကထဲကို ရောက်တည်းက ထိုကားတစ်စီးကိုပဲပြင်နေရကာ ရက်ပေါင်း ၂၀ မြှောက်သည့်နေ့မှပင် ပြီးဆုံးသည် ။

" ဒါကို ပြန်ရောင်းစားလို့ရပြီမလား..."

" ချိတ်နေကျ ကားပွဲစားကိုဆက်သွယ်လိုက်ရင် ရပြီ.. Host.."

ရေပိုက်ကိုသွယ်လိုက်သည့် Taehyungက စွပ်ကျယ်အမဲရောင်နှင့် အပေါက်အပြဲဒီဇိုင်းဂျင်းဘောင်းဘီကိုသာ ဝတ်ဆင်ထားကာ ကားရေဆေးရန်ပြင်လိုက်သည် ။

" အကို... ကျွန်တော်လည်း ရေဆေးကူမယ်.. ဒီမှာ ဆပ်ပြာမြှုပ်ပါ လုပ်လာခဲ့တယ်..."

Taehyungကိုသာ အရိပ်တကြည်ကြည် လုပ်နေသည့် Jungkookက Taehyung ကားရေဆေးရန်ပြင်နေသည်ကို တွေ့သည်နှင့် ဆပ်ပြာမှုန့်ဖျော်ထားသည့်ပုံးကို ကောက်မ'ကာ အနားရောက်လာခဲ့တော့တာဖြစ်သည် ။

" မလိုဘူး... ကိုယ့်ကိုယ် သက်သောင့်သက်သာနေ..."

" အာ.. အကိုကလည်း ကျွန်တော်ကလည်း အားလပ်နေတာပဲကို.. ကျွန်တော် ကူညီပေးပါရစေနော်..."

ရှပ်အကွက်လေးကို ချွတ်လိုက်ရင်း ဆိုလာသည့် Jungkookက စွပ်ကျယ်အဖြူလေးသာ ကျန်ရှိလျှင် ဖြူဝင်းနုဖတ်နေသည့် အသားအရေက အထင်းသားပေါ်လာကာ လက်မောင်းကြွက်သားတို့ကလည်း ကျစ်ကျစ်လစ်လစ်နှင့် လှပသည် ။

" ကျွန်တော် တစ်ခု ပြောပြရမလား.. Host..."

ဘာလဲ?...

" ဒီFictionထဲက Jungkookမှာ.. ၈ထုပ်ရှိပါတယ်..."

" ဘာ..."

" Hostလို ၆ထုပ်မဟုတ်ဘဲ.. ၈ထုပ်ပါ.. ၈ထုပ်..."

Systemက Jungkook ရေချိုးတုန်းက စောင့်ကြည့်နေခဲ့ကာ အသေအချာကို ရေတွက်ထားတာဖြစ်သည် ။
အပေါ်ယံကြည့်လျှင် သူ့၏Hostက ရင်အုပ်နှင့်လက်မောင်းကြွက်သား ပိုမိုတောင့်တင်းသန်မာတယ်ထင်ရပေမယ့် Jungkookကတော့ ကြွက်သားကျစ်ကျစ်လစ်လစ်နှင့် ခန္ဓာကိုယ်အချိုးအစား ပိုမိုလှပသည် ။

𝔽𝔸ℕᖴIᑕ𝕋𝕀𝕆ℕ 𝗦𝖸𝗦𝖳𝗘𝖬 (ℂ𝕆𝕄𝗣𝖫𝗘𝖳𝗘)Where stories live. Discover now