Fanfiction 4 (18) end

8.5K 1.3K 269
                                    

zawgyi

ဆေးရုံကြီးတစ်ခု၏လျှောက်လမ်း၌ ဆေးမှတ်တမ်းတစ်ခုကိုစစ်ဆေးရင်း လျှောက်လမ်းနေပါသည့် duty coatအဖြူရောင်လေးနှင့် အလုပ်သင်ဆရာဝန်ဖြစ်သော Jeon Jungkook...။

အသက် ၂၃နှစ်အရွယ်သူသည် အရင်ကထက် ခန္ဓာကိုယ်အချိုးအစား အရပ်အမောင်းက ပို၍သန်မာထွားကျိုင်းလာခဲ့ကာ အရွယ်ရောက်ယောက်ျားသားဆန်ဆန် အသွင်အပြင်မျိုး ။

" Jungkook ah..."

ဆေးရုံအုပ်အဖြစ် ရာထူးတိုးသွားခဲ့သည့် Bogumသည် Jungkook၏အလုပ်ရုံးခန်းနားမှာ ရပ်စောင့်နေကာ Jungkookလာနေသည်ကိုတွေ့လျှင် အသံပြုလိုက်သည် ။

Bogum Hyungကို ကြည့်ရသည်မှာ Jungkookကို တမင်သက်သက် လာရောက်တွေ့ဆုံသည့်ဟန် ။

" Hyungတို့ ဆွေးနွေးစရာရှိတယ်... Taehyungieနဲ့... ပတ်သက်ပြီး..."

ထိုစကားကြောင့် Jungkookမှာ မျက်ဝန်းထဲ အရိပ်အယောင်တစ်ချို့ဖြတ်ပြေးသွားခဲ့ရသည် ။

" အဟွတ်... ဟွတ်...."

အိမ်ရှိမိမိ၏အခန်းလေးထဲ၌ ချောင်းတဟွတ်ဟွတ်ဆိုးနေပါသည့် Taehyung ။

ချောင်းတစ်ချက်ဆိုးတိုင်း သူ့၏ရင်ဘတ်နှင့်ကျောပြင်တလျှောက်က အောင့်မြက်နာကျင်နေသည် ။

" ဘဏ္ဍာထိန်းယူ...."

" ဟုတ်ကဲ့... သခင်လေး..."

" ကျွန်တော့်ကို... အကိုက်အခဲပျောက်ဆေး တိုက်လို့မရဘူးလား... ကျွန်တော်.. အရမ်း နာနေတယ်...."

" အကိုက်အခဲပျောက်ဆေးက.. ကျွန်တော် မပေးရဲပါဘူး... သခင်အငယ်လေးကို ဖုန်းဆက်လိုက်ပါ့မယ်..."

" နေ..နေ... သူက ကျွန်တော့်ကြောင့်နဲ့ ဆေးရုံကိုတောင် သိပ်သွားတာမဟုတ်ဘူး... အလုပ်ပျက်နေလိမ့်မယ်..."

" ဒါပေမယ့်... သခင်လေး အဆင်ပြေလို့လား..."

" ပြေတယ်... ဘဏ္ဍာထိန်းယူ လုပ်စရာရှိတာလုပ်ပါ... ကျွန်တော် တစ်ရေးလောက် အိပ်လိုက်ဦးမယ်...."

" ဟုတ်ကဲ့...."

ဘဏ္ဍာထိန်းယူက အခန်းထဲကနေထွက်သွားပြီဆိုမှ Taehyungတစ်ယောက် နာကျင်မှုကြောင့် မျက်နှာလေးရှုံ့မဲ့သွားရသည် ။

𝔽𝔸ℕᖴIᑕ𝕋𝕀𝕆ℕ 𝗦𝖸𝗦𝖳𝗘𝖬 (ℂ𝕆𝕄𝗣𝖫𝗘𝖳𝗘)Where stories live. Discover now