Fanfiction 10 (13)

7.4K 1.2K 191
                                    

zawgyi

Taehyung၏အနောက်သို့ ရိုကျိုးသည့်ဟန်နှင့် ခေါင်းလေးငုံ့ကာ လိုက်ပါလာသည့်လီလီ ။

ဆိုဖီယာသည် သူမ၏အကိုတော်က လီလီကိုမျက်စိကျ၍ တောင်းယူသွားသည်ဟုသာအထင်ရောက်လိုက်ကာ လီလီ့ကို သူမ သဘောမကျသော်လည်း အကိုတော်၏စိတ်ချမ်းသာမှုကိုဝင်ရောက်မပိတ်ပင်ချင်၍ ကြည်ဖြူစွာပင်ထည့်ပေးလိုက်သည် ။

Taehyungသည် အိမ်ရှေ့စံ၏ဧည့်ခန်းဆောင်ကိုရောက်မှ သူ့အနောက်ပါးဆီက လီလီကိုလှည့်ကြည့်သည် ။

" ဒီနေ့ကစပြီး... မင်းက အိမ်ရှေ့စံအဆောင်မှာ ခစားရမယ့်နန်းတွင်းသူ ဖြစ်သွားပြီ..."

လီလီက Taehyung၏စကားကို နာခံဟန်နှင့်ဦးညွှတ်ပြလာသော်လည်း မျက်လွှာပင့်မကြည့်လာ ။

" သူကလွဲရင် ကျန်တဲ့သူတွေ အခန်းထဲက ထွက်သွားပေးကြ..."

လီလီနှင့်နှစ်ဦးတည်းရှိချိန် လီလီ၏သရုပ်မှန်ကိုမြင်ရလောက်မည်မျှော်မှန်းပြီး Taehyungသည် အခြားနန်းတွင်းသူများကို အမိန့်ပေးလိုက်သည့်အခါ မိမိကျရာတာဝန်ကိုထမ်းဆောင်လျက်ရှိသော နန်းတွင်းသူများသည် အချင်းချင်းကြည့်ကာ အိမ်ရှေ့စံ၏အမိန့်ကိုဦးညွှတ်နာခံပြီး ထွက်လာခဲ့ကြသည် ။

သို့ပေမယ့် အပြင်ကိုရောက်သည်နှင့် လီလီနှင့်အိမ်ရှေ့စံ၏ပတ်သက်မှုအား သို့လောသို့လောဖြင့် ထင်ရာမြင်ရာကိုတီးတိုးဆိုကြလေ၏ ။

" ငါတို့ရဲ့ပတ်ဝန်းကျင်မှာ... ဘယ်သူမှ မရှိတော့ဘူး... မင်းက ဘယ်သူလဲ... "

Taehyungသည် သူတို့၏ပတ်ဝန်းကျင်၌ လူသူကင်းရှင်းသွားသည့်အခါ လီလီကို စကားသွယ်ဝိုက်ပြောမနေဘဲ လမ်းကြောင်းဖွင့်ပေးလိုက်သည် ။

" ကြှနျုပျက... နယ်စားမင်းရဲ့အပါးမှာ ခစားခဲ့တဲ့.. နယ်စားမင်းရဲ့အစေခံ လီလီပါ..."

Taehyung၏ လမ်းဖွင့်ပေးမှုအတိုင်း လိုက်မလျှောက်လာသည့်လီလီကြောင့် သူမနှင့်အနည်းငယ် ဆော့ကစားပေးရဦးမည့်ပုံဖြစ်၍ Taehyungသည် နှုတ်ခမ်းတွန့်ချိုးလျက် ပြုံးမိသည် ။

" ငါက ဘယ်သူလဲဆိုတာတော့.. မင်း သိနှင့်ပြီးသားဖြစ်မှာပါ... ဝန်မခံချင်သေးလည်း... ကိစ္စမရှိပါဘူး.. ငါတို့ရဲ့ စိတ်လှုပ်ရှားဖို့ကောင်းတဲ့ဂိမ်းကို ရှေ့ဆက်ကြတာပေါ့..."

𝔽𝔸ℕᖴIᑕ𝕋𝕀𝕆ℕ 𝗦𝖸𝗦𝖳𝗘𝖬 (ℂ𝕆𝕄𝗣𝖫𝗘𝖳𝗘)Kde žijí příběhy. Začni objevovat