Fanfiction Space

8.7K 1.2K 105
                                    

zawgyi

Taehyungဟာ အသိဝင်လာသည်နှင့် အောက်ဆီဂျင်ကို အလုအယက်ရှုရှိုက်လိုက်ရကာ ရင်ဘတ်အစုံက နိမ့်ချည်မြင့်ချည်နှင့် ခဏလောက်ကြာမှ သူ့အခြေအနေက ပုံမှန်ပြန်ဖြစ်သည် ။

Fanfiction Spaceထဲသို့ ပြန်ရောက်လာမှ သူခံစားရသည့် နာကျင်မှုဝေဒနါအလုံးစုံကလည်း ယူပစ်လိုက်သလို ပျောင်ကင်းသွားခဲ့ကာ သူ ကုတင်ထက်ကနေ အလန့်တကြား ထထိုင်လိုက်သည် ။

" Jungkookieရော!.. Jungkookieက... ဘယ်လိုကျန်ခဲ့လဲ... ဘာလို့... အချိန်ကို မသတ်မှတ်ပေးတာလဲ... ငါ.. သူ့ကို ကောင်းကောင်း မနှုတ်ဆက်ခဲ့ရဘူး... ပြီးတော့.. ပြီးတော့..."

" စိတ်အေးအေးထားပါ... Host... အရာရာအားလုံးက အဆင်ပြေပြေ....ပြီးဆုံးသွားခဲ့ပါတယ်... ကျွန်တော်တို့ရဲ့ Missionကလည်း အောင်မြင်ခဲ့ပါတယ်..."

Taehyung၏အနားသို့ ဝဲပျံလာခဲ့ပါသည့် ခရမ်းရောင်အလုံးလေးက နှစ်သိမ့်မှုပြုသော်လည်း Taehyungကတော့ မကောင်းသည့်ခံစားချက်ကသာ ကြီးစိုးလျက်စိတ်ထင့်နေသည်  ။

" ငါက.. ဘာလို့ ရုတ်တရက်... ထွက်လာခဲ့ရတာလဲ..."

" အဲ့ဒီ့Fanfictionထဲက Hostရဲ့ဇာတ်ကောင်က... သက်တမ်းစေ့ပြီး... ဆုံးပါးသွားခဲ့တာဖြစ်လို့... ပြင်ဆင်ချိန်မရှိဘဲ ထွက်လိုက်ရတာပါ... Host..."

" ဘာ?.. ငါက... ဆုံးသွားခဲ့တာလား..."

" ဟုတ်ပါတယ်... Host..."

" ဒါဆို.. ဘယ်လိုလုပ်... Happy Endingက..."

" လောကကြီးထဲမှာ... Happy Endingမမည်တဲ့... Happy Endingတွေ ရှိပါတယ်... Host.. ဇာတ်လမ်းတစ်ပုဒ်မှာ.. ချစ်သူနှစ်ဦးက.. သက်ဆုံးတိုင် ပျော်ရွှင်စွာ ပေါင်းဖက်သွားကြလေသတည်းဆိုတာကမှ.. Happy Ending မဟုတ်ပါဘူး... တခြားသော အကြောင်းအမျိုးမျိုးနဲ့... လှပစွာ ဇာတ်သိမ်းသွားခဲ့ရတဲ့... Happy Endingလေးတွေလည်း..အများကြီး ရှိပါတယ်..."

System၏စကားကြောင့် မှိုင်ကျသွားခဲ့ရသည့်Taehyung ။

" Jungkookieက ဘယ်လိုကျန်ခဲ့လဲဆိုတာ.. ငါ.. တွေ့ချင်တယ်... ငါ့ကို ပြန်ပြပေး..."

" Fanfictionမှတ်တမ်းက Errorတက်နေပါတယ်.. Host.. ပြန်ကြည့်လို့အဆင်မပြေပါဘူး... Jungkookက အဆင်ပြေပြေ... ရှိနေခဲ့ပါတယ်... "

𝔽𝔸ℕᖴIᑕ𝕋𝕀𝕆ℕ 𝗦𝖸𝗦𝖳𝗘𝖬 (ℂ𝕆𝕄𝗣𝖫𝗘𝖳𝗘)Where stories live. Discover now