Fanfiction 4 (8)

8.2K 1.3K 227
                                    

zawgyi

" တကယ်ကြီး ၂၀ ရာခိုင်နှုန်းလား... ဆယ်ကျော်သက်အရွယ်တွေရဲ့ စိတ်နေစိတ်ထားကို တကယ် လိုက်မမှီနိုင်တာပဲ.. အင်းလေ.. ကျွန်တော်က တစ်နှစ်သားပဲရှိသေးတာကို..."

Systemမှာ Fanfiction၏ဘားတန်းများ ကြောင်နေလားဆိုပြီး ခေတ္တမျှကြည့်နေမိသေးသည် ။
နောက်မှ ရာခိုင်နှုန်းတက်လာမှန်း သေချာသွားသည့်အခါ သူ့၏Hostကို အသိပေးလိုက်သည် ။

" ငါ့ရဲ့နည်းလမ်းတွေက အမြဲအသုံးဝင်ပါတယ်..."

" ဟုတ်ပါတယ် Host.. လေးစားပါတယ်.. တယောကိုဆက်တီးလိုက်ပါ.. ကျွန်တော့်အတွက် အတော်လေးကို နားဝင်ဆိုးလှပေမယ့်.. သည်းခံနားထောင်လိုက်ပါ့မယ်..."

တကျွီကျွီနှင့် အချိုးမကျလှသည့် တယောတီးခတ်မှုပြီးဆုံးသွားသည့်အခါ Taehyungမှာ မှင်သေသေလေးနှင့် အနောက်ကိုလှည့်ကြည့်ဟန်ပြုရင်း Jungkookကို အခုမှတွေ့သလိုပုံစံမျိုးဖမ်းလိုက်သည် ။

" ဝိုး... အော်စကာဆုရှင်ပါပဲ Host..."

" အိုး.. မင်း ရောက်နေတာလား.. ကိုယ် လုံးဝကို မသိလိုက်ဘူး..."

" စောတုန်းက စကားကို ပြန်ရုတ်သိမ်းပါတယ်.. Host..."

Taehyung၏အိုဗာတင်း ဒိုင်ယာလော့ကို Jungkookကတော့ စိတ်ဝင်စားပုံမရဘဲ နားရွက်ဖျားတို့က နီရဲတက်နေကာ ဘယ်ကိုသွားရမည်မသိသလို ခဏမျှ ပြာပန်းခတ်သွားသည် ။

" ကိုယ်... မင်းကို ပြောစရာရှိတာ.. အတော်ပဲ.. ကိုယ့်ဆီလာပေး..."

ထိုအခါမှ Jungkookဟာ Taehyungဆီကို တွန့်ဆုတ်တွန့်ဆုတ် ခြေလမ်းများနှင့်လှမ်းလာခဲ့ကာ Taehyungက ဆိုဖာကိုညွှန်ပြလိုက်မှဝင်ထိုင်သည် ။

" ကိုယ်.. မင်းကို မွေးစားချင်ခဲ့တော့... မင်းရဲ့အကြောင်းကိုသိရအောင်လို့.. စုံစမ်းမိခဲ့တယ်.."

Taehyung၏စကားကြောင့် Jungkook၏မျက်ဝန်းအစုံက စူးရဲသွားခဲ့ကာ စိုက်ကြည့်လာသည် ။

" မင်းရဲ့အမေက... မင်းအဖေရင်းဆီကနေပြီးတော့... မင်းနဲ့ပတ်သတ်ပြီး.. သူ့ဘဝအတွက် ဖူလုံတဲ့ငွေပမာဏကိုတောင်းခဲ့တယ်.."

တင်းခနဲဖြစ်သွားသည့် Jungkook၏လက်သီးဆုပ် ။

Taehyungမှာ Jungkookကိုစိတ်ဒဏ်ရာ မပေးချင်သော်လည်း မတတ်သာစွာနှင့်သာ စကားတို့ကို ရှေ့ဆက်လိုက်သည် ။

𝔽𝔸ℕᖴIᑕ𝕋𝕀𝕆ℕ 𝗦𝖸𝗦𝖳𝗘𝖬 (ℂ𝕆𝕄𝗣𝖫𝗘𝖳𝗘)Where stories live. Discover now