Fanfiction 2 (16) end

9K 1.2K 72
                                    

zawgyi

" ဒါက အကို့အတွက် ကျွန်တော်ရဲ့တင်တောင်းပစ္စည်းလို့ သတ်မှတ်လို့ရတယ်..."

Taehyungက သူ့မျက်စိရှေ့တွင် ဟီးထနေသည့် ကားshowroonကို မျက်ခုံးပင့်ကြည့်ရင်း စိတ်ထဲတွင်တော့ ဝိုးခနဲတစ်ချက်ဖြစ်သွားသည် ။

နောက်ဆုံးပေါ်အမျိုးအစားများ တင်သွင်းထားသည့် modelမြင့်သည့်ကားများက တောက်ပြောင်သပ်ရပ်နေကာ ဝန်ထမ်းများကလည်း တူညီဝတ်စုံနှင့် ခမ်းနားလှသည် ။

" ဒီshowroomလေးပဲလား..."

နည်းသေးသည်ဟူသည့် အဓိပ္ပာယ်နှင့် Jungkookဘက်ကြည့်လာသည့် အကို့ကြောင့် Jungkookမှာ အသည်းယားလှစွာ ရယ်မိသွားရသည် ။

" ဟား... ဘာလေးလဲ အကိုရာ...."

" ငါ... ဒီထပ်ပိုလိုချင်တာ.. ငါက ဈေးကြီးတဲ့အမျိုးသား..."

" ကျွန်တော်ကရော.. ကျွန်တော့်ရဲ့ပိုင်ဆိုင်မှုတွေအကုန်လုံးကရော.. အကို့အတွက်ပဲလေ..."

Jungkookက Taehyung၏ နှာထိပ်ဖျားလေးကို ခပ်ဖွဖွလေးညှစ်ဆွဲကာ ချစ်စနိုးနှင့် ဆိုလာသည် ။

Taehyung၏လက်ကိုဆွဲပြီး ကားshowroomထဲ လှည့်ပတ်ပြနေသည့်Jungkookက ကျောင်းပြီးဆုံး၍ လုပ်ငန်းခွင်မှာ ကျင်လည်နေပြီဖြစ်သောကြောင့် အနောက်တိုင်းဝတ်စုံကို သေသပ်စွာ ဝတ်ဆင်ထားသော်လည်း Taehyungကတော့ ဂျင်းဒူးပြဲနှင့်သာဖြစ်သည် ။

Jungkookက Taehyungကို ဝပ်ရှော့အလုပ်ကိုမလုပ်စေတော့ဘဲ ကားShowroomကို ဦးစီးဖို့အတွက် လက်ဆောင်ပေးခဲ့သည် ။

Taehyungကတော့ နဂိုတည်းက အပျင်းတစ်လေးမို့ အလုပ်မရလေကောင်းလေ..။
အခုလည်း သူက ကားshowroomမှာ သူဌေးအမည်ခံပြီး ဘာအလုပ်ကိုမှရေရေရာရာမလုပ်ဘဲ ရုံးခန်းထဲမှာ ခြေဆန့်လက်ဆန့်ကျောခင်းပြီး ဇိမ်ခံသည် ။
တစ်ခါတစ်ခါ showroomမှာ အလုပ်ခန့်ထားသည့် Dali၊Lily၊Haeziတို့ သုံးယောက်သားနှင့် ပိုကာထိုင်ဒေါင်းသည် ။

ရာခိုင်နှုန်းကလည်း Jungkook၏အမေတွေသာ သူ့ကိုလက်ခံပြီဆိုလျှင် အနှေးနှင့်အမြန်ပြည့်တော့မှာဖြစ်၍ သူကတော့ ဒူးလေးနန့်ပြီးတော့ လောကစည်းစိမ်ကို ခံစားနေလိုက်သည် ။

𝔽𝔸ℕᖴIᑕ𝕋𝕀𝕆ℕ 𝗦𝖸𝗦𝖳𝗘𝖬 (ℂ𝕆𝕄𝗣𝖫𝗘𝖳𝗘)Where stories live. Discover now