Fanfiction 5 (9)

9.6K 1.3K 125
                                    

zawgyi

ကုတင်ထက်က စောင်ပုံအောက်လေးထဲ၌ အဝတ်အစား ကင်းမဲ့လျက်ရှိနေသည့် ခန္ဓာကိုယ်ငယ် ။

ဖရိုဖရဲဆံနွယ်ရှည်တို့က စည်းနှောင်ထားသည့်လက်ကိုင်ပုဝါလေးပင် ပြေလျော့ကျနေပြီဖြစ်ကာ မောပန်းသွားမှုကြောင့် နှစ်ခြိုက်လှစွာ အိပ်မောကျနေလျက်ရှိသည် ။

ရေချိုးသန့်စင်ပြီးသွားသည့် အရှင်ဂျွန်သည် အနမ်းရာများပွစာကြဲနေပါသော ပန်းလေး၏အရေပြားနုနုကို လက်ဖျားထိပ်လေးတွေနှင့် ထိတွေ့ပွတ်ဆွဲရင်း စိတ်တော်နှစ်ထောင်းအားရသလို အပြုံးရေးရေးဖြစ်တည်သည် ။

သူ့၏အိပ်ဆောင်ထဲ အတင့်ရဲစွာနှင့်ဝင်လာခဲ့သော ပန်းလေးက ပြုခဲ့သမျှသည်လည်း အတင့်ရဲလွန်းလှသည် ။

အရှင်ဂျွန်ဟာ သူ့ပိုင်ဆိုင်မှုအဖြစ် တံဆိပ်ခတ်နှိပ်ထားသည့် အလှတရားကို အချိန်တစ်ခုကြာထိ ရှုစားနေမိပြီးမှ တိုင်းရေးပြည်ရေးဘက်ကို ပြန်လှည့်ရသည် ။

နေမြင့်မှနိုးထလာခဲ့သော Taehyungသည် ခွန်အားများကပြန်လည်မပြည့်ဝသေးဘဲ နုံးချိနေဆဲဖြစ်သည် ။

" Hostကိုကြည့်ရတာ... အ..အကောင်းကြီးလိုပဲရော... အရှင်ဂျွန်ကြမ်းတာကို.. ခံ...ခံနိုင်ရည် ရှိခဲ့တယ်ပေါ့..."

မိုးစင်စင်လင်းမှသာ Hostနှင့်ပြန်ချိတ်ဆက်ခဲ့သည့် တစ်နှစ်သားSystemသည် ညတုန်းကအဖြစ်အပျက်တွေကို အဆုံးတိုင်ထိမသိလိုက်ဘဲ သူ့Hostခေါင်းငုံ့... အား... အဲ့မြင်ကွင်းက အခုထက်ထိတိုင် သူ့ကို အနီရောင်ပြောင်းသွားစေတုန်းပဲ..။

Taehyungမှာ သမ်းဝေလိုက်သည့်အခါ သူ့နှုတ်ခမ်းသားနှင့် အာခေါင်တို့က နာကျင်လျက်ရှိနေသလို ပေါင်ခြံနှစ်ခုကလည်း နီမြန်းလျက်ရှိကာကျိန်းစပ်နေသည် ။

" Hostရဲ့... ဟိုဟာက.. အကောင်းတိုင်းရှိသေးတယ်ပေါ့... ဘယ်လိုနည်းလမ်းသုံးလိုက်တာလဲ... ရပြီရပြီ...မတွေးနဲ့နော်... Host.. ကျွန်တော် မသိချင်ဘူး...."

ကုတင်ထက်ကနေ Taehyungဆင်းလိုက်ပြီး တစ်စစီပြန့်ကျဲနေသည့်ဝတ်ရုံကို ပြန်ကောက်လျှိုရကာ အဆောင်တော်ရှေ့ကိုထွက်ခဲ့ပါလျှင် အရှင်ဂျွန်သည် စာကြည့်စားပွဲ၌ အလုပ်လုပ်လျက်ရှိနေရာမှ အကြည့်ရောက်လာသည် ။

𝔽𝔸ℕᖴIᑕ𝕋𝕀𝕆ℕ 𝗦𝖸𝗦𝖳𝗘𝖬 (ℂ𝕆𝕄𝗣𝖫𝗘𝖳𝗘)Tempat cerita menjadi hidup. Temukan sekarang