Fanfiction 10 (14)

7.3K 1.1K 56
                                    

zawgyi

" ဂုဏ်ယူပါတယ် Host... Fanfictionဘားတန်းမှာ ၇၃ရာခိုင်နှုန်းအထိ တိုးမြင့်သွားပါပြီ..."

Taehyung အသိစိတ်ဝင်လျှင်ဝင်ခြင်း ဆီးကြိုသတိပေးလာပါသည့် တစ်နှစ်သား System၏အသံ ။

စောင်ပုံအဖြူရောင်အောက်က Taehyung၏ခန္ဓာကိုယ်မှာ အဝတ်အစားကင်းမဲ့လျက်ရှိပြီး Taehyung၏ဆံနွယ်၊ ပခုံးသား.. ဘေးပတ်လည်က အိပ်ရာခင်းပုံတွေထက်မှာတော့ ဒေစီပွင့်ဖတ်သေးသေးလေးများမှာ ပွစာကြဲနေသည် ။

နယ်စားမင်းသည် သူတို့နှစ်ယောက် အတူနေပြီးသွားတိုင်း အမြဲတစေ ဒေစီပန်းများကို Taehyungခန္ဓာကိုယ်ထက်မှာကြဲချတတ်ကာ အနမ်းတရှုံ့ရှုံ့လည်းလိုက်လံပေးတတ်သေးသည် ။

ပြီးလျှင် ဘယ်သောအခါမှ အဝတ်အစားကို ပြန်လည်မဝတ်ဆင်ပေး ။

Taehyungမှာ မိမိဘာသာပင် ညအိပ်ဝတ်ရုံကိုကောက်ဆွဲ၍ လွှမ်းခြုံကာ ကြိုးစကိုချည်နှောင်ပြီး ကုတင်ထက်ကနေဆင်းသက်လိုက်သည် ။

" ရာခိုင်နှုန်းက ပုံမှန်ထက် အတက်တော့မြန်တာပဲ..."

" ဟုတ်ပါတယ်... Host... ဒီနှုန်းအတိုင်းပဲသွားပြီး ကြားထဲမှာ တစ်ခုခုမပေါ်လာဖို့ဘဲ မျှော်လင့်တယ်.. အဲ့လို မဖြစ်ရအောင်လည်း.. ကျွန်တော်က လီလီဇာတ်ကောင်ကို အချိန်ပြည့် စောင့်ကြည့်နေပါတယ်..."

" ဟုတ်သားပဲ... သူ မနေ့က ဘယ်လိုကျန်ခဲ့တာလဲ... Jungkookieကရော... သူ့ကို ဘာမှတော့မလုပ်လိုက်ဘူးမလား..."

" ဘာမှ မလုပ်ပါဘူး... လီလီက ပုံမှန်လိုပဲ အိမ်ရှေ့စံရဲ့အဆောင်မှာ ကိုယ်ကျတဲ့တာဝန်ကိုလုပ်ဆောင်နေပါတယ်... ဂျောင်ဂုက Hostအတွက် အိပ်ရာထရင် အဆင်သင့်စားရအောင်လို့ အိမ်ရှေ့စံရဲ့စားဖိုဆောင်မှာပဲ ကိုယ်တိုင်မုန့်လုပ်ပေးနေတယ်... မနက်ကတော့ လီလီနဲ့မျက်နှာချင်းဆုံလိုက်သေးတယ်... ဒါပေမယ့် ဘာမှမလုပ်ဘဲ မသိချင်ယောင်ဆောင်ပြီး ဖြတ်ကျော်ထွက်သွားတာ..."

" ဟုတ်လား... နယ်စားမင်းရဲ့စရိုက်အရဆိုရင် ဒီအတိုင်း ထားမယ့်ပုံတော့ မဟုတ်တာကို... "

" ကျွန်တော်လည်း လီလီအတွက် စိတ်ထင့်ပေးနေတာ... သူ့ကြည့်ရတာ ဦးနှောက်မရှိပုံပဲ.. ဘာလို့ အဲ့လိုနည်းလမ်းရွေးတာလဲတဲ့..."

𝔽𝔸ℕᖴIᑕ𝕋𝕀𝕆ℕ 𝗦𝖸𝗦𝖳𝗘𝖬 (ℂ𝕆𝕄𝗣𝖫𝗘𝖳𝗘)Where stories live. Discover now