Fanfiction 5 (3)

8.9K 1.3K 137
                                    

zawgyi

" Hostရေ.. အိပ်ရာက ထပါတော့... ဒီဇာတ်ကောင်ရဲ့မိခင်ဖြစ်သူက Hostကိုလာတွေ့နေပါပြီ... Wake up Wake up..."

ညကတစ်ညလုံးနီးပါး စာရေးခဲ့ရ၍ Taehyungမှာ မနက်ခင်းနေမြင့်သည်အထိ သိုးနေအောင်အိပ်မောကျနေခဲ့သော်လည်း System၏ Alarmကြောင့် အိပ်ချင်မူးတူးလေးနှင့် မျက်ဝန်းတို့ကိုပြူးပြဲထလိုက်ရသည် ။

" သွားရည်လေး သုတ်လိုက်ပါဦး... Host... ခဏနေလောက်ဆို.. ဒီဇာတ်ကောင်မိခင်က ရောက်လာတော့မှာ..."

အင်း.. ငါ့ပုံစံက အရမ်းကြည့်ရဆိုးနေလား..။

ဖရိုဖရဲနှင့် ပိုးထည်ဝတ်ရုံက တွန့်ကြေနေသော်လည်း တစွန်းတစ မြင်နေရသည့် အတွင်းသားတစ်ချို့က ကြည့်ရုံနှင့်တင် နုထွေးထွေး ။
ဆံနွယ်ရှည်က ကပိုကရိုကျလျက် မျက်တောင်ကော့ကော့လေးနှင့် အရည်လဲ့နေပါသည့်မျက်ဝန်းလေးကြောင့် အာသီးမြင်ရအောင် သမ်းဝေသည့်တိုင် သူ့Hostဟာ လှနေဆဲပင် ။
Hostက နဂိုတည်းက ပြစ်ချက်မရှိလှပြီးသားဆိုပေမယ့် ဒီဇာတ်ကောင်ကကျ နူးနူးညံ့ညံ့လေးနှင့် ထိရက်စရာမရှိအလှလေးပုံစံမျိုးပေါ်နေတော့တာ..။

" Hostသာ ကြည့်ရဆိုးတယ်ဆိုရင် ဒီကမ္ဘာလောကကြီးမှာ အလှတရားဆိုတဲ့စကားလုံးတောင် ပေါ်ပေါက်လာခဲ့မှာ မဟုတ်ပါဘူး..."

Taehyungမှာ သူဆိုလိုချင်သည်က သူ့၏အိပ်ရာထပုံစံက ကြည့်ရဆိုးနေသည်လားမေးသည်ကို စာထဖွဲ့လာသည့်Systemကြောင့် မျက်တောင်လေးပင် ပုတ်ခတ်ပုတ်ခတ်ဖြစ်သွားရသည် ။

" သိတယ်လေ.. Hostဆိုလိုတာကို.. ကျွန်တော်က ဒီအတိုင်း Hostရဲ့အလှတရားကို မချီးကျူးဘဲ မနေနိုင်လို့ပါ..."

ဒီဇာတ်ကောင်၏မိခင်မှာ သူမ၏ယုံကြည်စိတ်ချရသော အထိန်းတော်တစ်ဦးသာခေါ်ဆောင်လာကာ Taehyungကိုလာတွေ့နေပြီဖြစ်၍ Taehyungမှာ သူ့၏ဝတ်ရုံလေးအား သေသေသပ်သပ်ဖြစ်အောင်ဆွဲချရင်း ဆံနွယ်ရှည်တို့ကိုသပ်ရပ်အောင်ပြုပြင်ရင်း ထိုင်ခုံမှာပင် သွားထိုင်စောင့်နေရသည် ။

ခဏအကြာမှာ ရှေးခေတ်မိဖုရား၏အဆောင်အယောင် အပြင်အဆင်မျိုးနှင့် ခမ်းနားလှပါသည့် အမျိုးသမီးက Taehyung၏အဆောင်ထဲကိုဝင်လာခဲ့လျှင် Taehyung ထိုင်ခုံကနေထရပ်လိုက်ကာ ခါးလေးကိုင်းညွှတ်၍ အရိုအသေပေးလိုက်သည် ။

𝔽𝔸ℕᖴIᑕ𝕋𝕀𝕆ℕ 𝗦𝖸𝗦𝖳𝗘𝖬 (ℂ𝕆𝕄𝗣𝖫𝗘𝖳𝗘)Where stories live. Discover now