Fanfiction 6 (8)

7.9K 1.2K 180
                                    

zawgyi

၂၅ရာခိုင်နှုန်းအထိ တက်လာခဲ့ပါသည့် Fanfiction၏ဘားတန်းလေး..။

Systemသည် Fanfictionကမ္ဘာ၏အခြားအခြေအနေများကိုလည်း စစ်ဆေးမှုပြုလိုက်ကာ Hostအနောက်ကိုလိုက်ရန် ဇာတ်လိုက်မ လွှတ်ထားသည့်ထိပ်ပြောင်ကတော့ Villa၏ခပ်လှမ်းလှမ်းကကားထဲမှာ ထိုင်ငိုက်နေသည် ။

ထိုထိပ်ပြောင်က မူလဇာတ်ကြောင်းထဲ၌ Model Vကို သတ်ခဲ့သော မာဖီးယားဂိုဏ်းအဖွဲ့ဝင်ဖြစ်သည် ။
Hostက Fanfictionထဲကို ရောက်ရောက်ချင်းမှာလည်း လိုက်လံသတ်ဖြတ်ခဲ့သည့်သူဖြစ်ပေမယ့် အခုနောက်ပိုင်းမှာတော့ Hostအသက်ကိုရန်မရှာတော့ဘဲ ဇာတ်လိုက်မ၏တစ်ချက်လွှတ်အမိန့်နှင့် stalkerလုံးလုံးကိုဖြစ်နေသည် ။

မည်သည့်အကြောင်းအရာမျှ ထူးထူးခြားခြား မရှိသည့်အခါ သူသည် Kim Namjoon focus videoတွေကို ကြည့်နေလိုက်သည် ။

Hostရဲ့Daddyက Jeon Jungkookဆိုလျှင် သူ့ရဲ့Daddyကတော့ Kim Namjoonသာဖြစ်သည် ။

Taehyungကတော့ Jungkook၏ညအိပ်ရာဝင်ချိန်သို့ရောက်သည်နှင့် အရည်မရအဖတ်မရ မတ်ဆေ့ခ်ျတွေကို တသီတတန်းကြီး ထိုင်ပို့နေသည် ။

Taehyung၏ တတိယအကြိမ်မြှောက် ဖုန်းနံပါတ်ကိုတော့ Jungkookက မblockတော့ဘဲ စာကိုတော့ စိတ်ကူးပေါက်ရင်ဝင်ဖတ်သည် ။

မတ်ဆေ့ခ်ျ အစောင်တစ်ရာလောက်ပို့ပြီးသွားမှ Taehyungသည် လက်ညောင်းညာသွားကာ ဖုန်းကိုပိတ်ပြီး အိပ်စက်လိုက်တော့သည် ။

သူ ကျင်လည်ခဲ့ရသည့် Fanfictionကမ္ဘာတွေထဲ၌ ဒီကမ္ဘာတစ်ခုသာလျှင် Taehyung၏ပုံမှန်လူနေမှုဘဝလိုမျိုး ဖြတ်သန်းခွင့်ရတာဖြစ်သည် ။

မနက်အစောပိုင်း၌ နိုးစက်သံသည်တတီတီမြည်လာကာ အပေါ်ဝတ်ဗလာကျင်းနှင့် Taehyungသည် နိုးစက်မြည်နေသည့်ဖုန်းကို စမ်းတမ်းစမ်းတမ်းနှင့် ရှာဖွေကာပိတ်လိုက်ရသည် ။

ဒီနေ့က မနက်ခင်း၉နာရီကို ရှုတင်ရှိ၍ အပျင်းတစ်လို့မရ..။
မည်သို့ပင် Fanfictionကမ္ဘာဖြစ်ပါစေ၊ Taehyungသည် အလုပ်ကိုပေါ့ပျက်ပျက်သဘောမထားတတ်ဘဲ အိပ်ရာထက်ကနေကုန်းရုန်းထကာ မျက်နှာသစ်၊သွားတိုက်၊ရေမိုးချိုးပြီး အဝတ်အစား လဲလိုက်သည် ။

𝔽𝔸ℕᖴIᑕ𝕋𝕀𝕆ℕ 𝗦𝖸𝗦𝖳𝗘𝖬 (ℂ𝕆𝕄𝗣𝖫𝗘𝖳𝗘)Where stories live. Discover now