Fanfiction 4 (10)

8.5K 1.3K 255
                                    

zawgyi

" ကလေးရေ... မနက်ဖြန်ကစပြီး ဆရာလာလိမ့်မယ်နော်... ဦးက.. အကုန်စီစဉ်ခိုင်းထားပြီးပြီ... ကလေးရေ... ဘာလိုသေးလဲ.. လိုတာမှန်သမျှ.. ဦးကိုပြောနော်.. ဦးက... အကုန်ဖြည့်ဆည်းပေးမှာ.."

" စကားကို ပုံမှန်အတိုင်းပဲ ပြောလို့မရဘူးလား... Host..."

Jungkookက ဦးလို့ခေါ်တည်းက Hostမှာ တစ်ဦးတည်းဦးနေသည့်အခါ Jungkookတော့မသိ၊ Systemကတော့ နားကြားပြင်းကတ်လာသည် ။

" ဦးကို လိုတာပြောနော်.. ကလေး.... ဘာလိုလဲ အခုက..."

" ပါးစပ်လေး ပိတ်ပေးထားရင်ကောင်းမယ်ထင်တယ်..."

Jungkookအနားမှာ ရစ်သီရစ်သီနှင့် Taehyung၏ ဦးတစ်စခန်းထနေမှုသည် ထိုအခါမှ ပိတ်သွားရသည် ။

" အားရှ်.. မင်းက ကိုယ့်ကိုဆို.. အဲ့လိုပဲ...."

နှုတ်ခမ်းလေး အနည်းငယ်ဆူသွားသည့် ဦး....က တကယ်ကို ကလေးဆန်တာ..။
Jungkookမှာ သူကိုယ်တိုင်ပင် ဦးဆိုသည့်နာမ်စားကို မယဉ်ပါးသေး၍ နားရွက်ဖျားလေးရဲတက်သွားရသည် ။

" မနက်ဖြန်ဆို... မင်းလည်း မအားတော့သလို... ကိုယ်လည်း အလုပ်ရှုပ်နေတော့မှာဆိုတော့... Basketball ကစားကြမလား... လောင်းကြေးစားကြေးနဲ့လေ...."

" ဦး...က.. ဘာလို့ အလုပ်ရှုပ်မှာလဲ...."

Jungkookဆီကနေ ဦးလို့ထပ်မံခေါ်ခံရသည့်အခါ Taehyung၏နှုတ်ခမ်းပါးမှာ ကျေနပ်မှုကြောင့် ပြုံးတုံ့ပြုံးတုံ့..။

" ဒီခြေထောက်တွေကို... ပုံမှန်လူလိုမျိုး သန်မာလာအောင်လေ... လေ့ကျင့်ခန်းလုပ်ရမှာ... ကြားထဲမှာ ကိုယ် ပျက်ကွက်ထားတာတွေက ရက်အများကြီးဖြစ်နေပြီလေ..."

" အာ...."

" သွားမယ်... ဘောလုံးသွားယူခဲ့..."

Taehyungက ဝှီးချဲကိုသူ့ဘာသာသူအားပြုပြီး အပြင်သို့ဦးဆောင်ထွက်သွားခဲ့သည့်ပုံစံမှာ တက်ကြွနေ၍ Jungkookမှာ ပြုံးရိပ်ယောင်သန်းသွားရရင်း ဘောလုံးလေးယူကာ အနောက်ကနေလိုက်ခဲ့ရသည် ။

" ဒီတစ်ခါ လောင်းကြေးစားကြေးကို.. ဘာတောင်းရင် ကောင်းမလဲ?..."

" ဦးက ကျွန်တော့်ကို အနိုင်ယူနိုင်မယ်ဆိုတာ.. သေချာလို့လား..."

𝔽𝔸ℕᖴIᑕ𝕋𝕀𝕆ℕ 𝗦𝖸𝗦𝖳𝗘𝖬 (ℂ𝕆𝕄𝗣𝖫𝗘𝖳𝗘)Where stories live. Discover now