သူမသည် ထိုမိန်းကလေးအား တားရန် ကမူးရှုးထိုးပြေးသွားလိုက်သည်။

"နင် ထွက်မသွားရဘူး"

"ငါ့ခြေထောက်တွေက ငါ့ခန္ဓာကိုယ်ကလေ။ နင့်မှာ ငါ့ကို တားဖို့ ဘာအခွင့်အရေးရှိလို့လဲ"

ထိုမိန်းကလေးက ယဲ့ချင်း၏ လက်ကို ခါထုတ်ပစ်လိုက်ပြီး သူမအား စိုက်ကြည့်လိုက်၏။

ထိုမိန်းကလေးအမည်မှာ ယန်ထျန်းထျန်းဖြစ်ပြီး ယခင်က သူမသည် ယဲ့ချင်းနှင့် အတော်လေး ကောင်းမွန်သော ဆက်ဆံရေးရှိသည်။ သို့သော် ယဲ့ချင်းသည် ယခင်က အခြားသူများအပေါ်တွင် ဤသို့မဟုတ်ချေ။ ထို့ကြောင့် ယနေ့ ယဲ့ချင်း၏ မွေးနေ့ကို ဆင်နွှဲရန် သူမသည် အဝတ်အစားအသစ်များကို အထူးဝတ်ဆင်လာခဲ့သည်။ ယဲ့ချင်းအား မျက်နှာပေးရန်သာမက သူမကိုယ်သူမလည်း အရှက်မရစေရန်ဖြစ်၏။ သို့သော် ယခု ယဲ့ချင်းက ဤသို့ပြုမူခဲ့သည်။ သူမသည် ဟင်းအနှစ်တစ်ပန်းကန်လုံးနှင့် အပက်ခံလိုက်ရပြီး သူမ၏ အဝတ်အစားအသစ်များ ပျက်စီးသွား၏။ သူမ အိမ်ပြန်လျှင် သူမ၏ မိဘများက အဘယ်မျှ ဆူပူကြိမ်းမောင်းမည်ဆိုတာ မည်သူသိမည်နည်း။

"နင် မပြန်ရဘူး။ နင် အခု ငါကျွေးတာကို စားထားတာလေ။ အဲဒီတော့ ငါပြောတာကို နားထောင်ရမယ်"

ယဲ့ချင်းသည် မပြီးနိုင်မစီးနိုင် စိတ်အနှောက်အယှက် ပေးနေ၏။

ယန်ထျန်းထျန်း၏ မျက်နှာမှာ ဒေါသကြောင့် နီရဲသွားသည်။

"ပိုက်ဆံ ဘယ်လောက်လဲ ပြော။ နင့်ကို တနင်္လာနေ့ကျရင် ပြန်ပေးမယ်၊ အခုတော့ ဖယ်စမ်း"

"မရဘူး၊ နင် မသွားရဘူး။ နင် ပြန်မပေးနိုင်လို့ ဒီလိုတွေပြောနေတာပဲ။ ဘာလို့ ခွေးလို တအားဟောင်နေပြီး အချိန်တွေ ဖြုန်းနေတာလဲ"

ယခုအခါ ယဲ့ချင်းသည် ပို၍ ဒေါသထွက်လာပြီဖြစ်၏။ သူမ ဒေါသထွက်လာသည်နှင့်အမျှ သူမ၏ ခန္ဓာကိုယ်ကလည်း ယန်ထျန်းထျန်းအား ကိုယ်ထိလက်ရောက် သွားဆွဲတော့သည်။

ယန်ထျန်းထျန်းသည် ထွက်သွားရန် ဆုံးဖြတ်ထားပြီးဖြစ်၏။ သူမသည် နည်းနည်းမျှပင် မရွေ့ရသေးချေ။ ထို့ကြောင့်  တွန်းထိုးထွက်ရန် အားသုံးလိုက်သော်လည်း ယဲ့ချင်း၏ လက်က ရောက်လာပြီး သူမအား ဆောင့်ဆွဲလိုက်ရာ မထင်မှတ်ဘဲ ကုတ်ဆွဲမိသွား၏။ ၎င်းမှာ နာကျင်လွန်းလှသည်။ ယန်ထျန်းထျန်းလည်း ဒေါသထွက်သွားပြီး သူမ၏ လက်ထဲရှိ ဂျာကင်အင်္ကျီကို အဝေးသို့ ပစ်လိုက်ပြီး ယဲ့ချင်းနှင့် စတင်သတ်ပုတ်ကြတော့၏။

အတိတ်၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now