ဆော့ဂျင်လဲရင်ဘတ်ထဲကနာကျင်မှုတွေ ပင်းပန်းတာတွေပျောက်မယ်အထင်နဲ့ တစ်ခါမှမသောက်ဖူးတဲ့အရက်ကို သူရင်ထဲမှခံစားနေရတာတွေ မပျောက်မချင်းသောက်နေလေရဲ၊ဆိုးတာက ဘယ်လောက်သောက်သောက်သူရင်ထဲကနာကျင်မှုတွေပျောက်မသွား၊ရင်ထဲကအပူဒဏ်တွေက သူသောက်လိုက်တဲ့အရက်တွေကြောင့်ပိုလိုပူလောင်လာသည်
တော်တော်မိုးချုပ်နေပြီ အိမ်မပြန်လာသေးတဲ့ဆော့ဂျင်ကြောင့် ထယ်ယောင်းမှအိပ်မပျော်ဘဲ ခြံရှေ့မှထွက်စောင့်နေသည်၊အချိန်အားဖြင်ြလဲ အတော်ကိုညဉ့်နက်နေပြီပို့ ထယ်ယောင်းရဲ့စိုးရိမ်စိတ်တွေက ပိုလိုဆိုးလာသည်၊
"ဘယ်တွေသွားနေတာလဲ ကင်မ်ဆော့ဂျင်"
လက်တွင်ဝတ်ထားတဲ့နာရီကိုတစ်ချက်ကြည်ပြီ အလိုမကျကာ ငြီးငြူးသည်
မကြာပါဘူး အိမ်ထဲကိုတစ်ယိုင်ယိုင်ရောက်လာတဲ့ဆော့ဂျင်၊ထယ်ယောင်း
သူအနားသွားလိုက်တော့ အရက်နံတွေစူးခနဲ၊ဘယ်လောက်တောင် သောက်လာတာလဲ၊တစ်ခါ မှလဲမသောက်ဘူးဘဲနဲ့၊ထယ်ယောင်းလဲ တစ်ယိမ်းတစ်ယိုင်ဖြစ်နေတဲ့ ဆော့ဂျင်ကို ထိန်းပေးဖို့လုပ်တော့"ဖယ်ပါကိုဟာကိုသွားနိုင်တယ်"
လူကြည်တော့ယိုင်ထိုးနေပြီတော့ လာတွဲသူကိုလဲ ဖယ်ခိုင်းသေးတယ်
"ဘာတွေလုပ်နေလို့ ဒီလောက်နောက်ကျနေတာလဲ"
ယိုင်ထိုးကာ အိမ်ထဲဝင်သွားတဲ့ဆော့ဂျင်နောက်ကိုလိုက်ပြီ မေးသည်
"မင်းအရက်တွေသောက်လာတာလား"
ဆော့ဂျင်သည် သူကိုရှိတယ်လိုကိုအဖက်မလုပ်ဘဲ နေသည်၊သူမေးသည်ကိုလဲပြန်မဖြေတာမို့ ထယ်ယောင်းဒေါသထွက်မီသည်
"ငါမေးနေတယ် လေ"
"ဟုတ်တယ်"
"ဘာလို့သောက်တာလဲ"
သူကိုလှည့်ကြည်ပြီ ဘာစကားမှပြန်မပြောဘဲ တစ်ခြားတစ်ဖက်သို့လှည့်သွားပြန်သည်၊ကင်မ်ဆော့ဂျင် ငါကို ဘယ်လိုအချိုးမျိုးတွေ လာချိုးနေရတာလဲ
"မေးနေတယ်လေ မကြားဘူးလား"
"သောက်ချင် လို့ပေါ့"