"ခဏလေးပါ"
"ဂျောင်ဂု လွှတ်"
"မောင်လို့မခေါ်တော့ဘူးလား"
ဆော့ဂျင် ခန္ဓာကိုယ် လေးသည် အနည်းငယ် တောင့်တင်းသွားသည်။အလိုမကျဖြစ်နေတဲ့ မျက်ဝန်းအစုံကလဲ ဖြေလျှော့သွားသည်။နှုတ်ခမ်းသားတွေဟာလဲ အနည်းငယ်ဖွင့်ဟသွားတယ်။အသက်ရှူသံတွေလဲ မိုးကြိုးမလာမှီ လျှပ်စီးလျှက်သလို ရင်ဘတ်ဟာနိမ့်ချည်မြင့်ချည်နဲ့ ဝင်သက်ထွက်သက်တွေဟာ မြန်ဆန်လွန်းနေသည်။ဂျောင်ဂုအနောက်ကနေသိုင်းဖက်ထားတဲ့ ဆော့ဂျင်ရက် ဖုခုံးစွန်းလေးကို နမ်းရှိုက်လိုက်သည်။
"ဂျောင်ဂု!"
ဆော့ဂျင် ခန္ဓာကိုယ်လေး အနည်းငယ် လှုပ်သွားသည်။သူဖခုံးစွန်းလေးကို နမ်းရှိုက်လိုက်တဲ့ ဂျောင်ဂုအနမ်းကြောင့်ဖြစ်သည်။နှစ်ယောက်လုံးဘာစကားမှမပြောဖြစ်ဘဲ အချိန်အတော်ကြာငြိမ်သက်နေသည်။ ဂျောင်ဂု မှုတ်ထုတ်လိုက်တဲ့ လေပူလေးတွေဟာလဲ ဆော့ဂျင်ရဲ့ ဖခုံးစွန်းနား လွှင့်ပျယ်နေသည်။
'တကယ်ဘဲ မောင်ကိုမချစ်တော့ဘူးလား"
ဟုပြောသော ဂျောင်ဂုအသံလေးမှ အနည်းငယ်တိမ်ဝင်နေသည်။
ဆော့ဂျင်မျက်ဝန်းက မျက်ရည်စများသည် ပါးပြင်ပေါ်သို့စီးဆင်းသွားသည်။မချစါတော့တာမဟုတ်ပါဘူးမောင်ရယ်။သိပ်ချစ်ရပါတယ် သိပ်ချစ်မီလို့ရူးသွားမတတ်ပါ။မောင်ဆီက အချစ်ကလွဲလို့ တစ်ခြားသော မျှော်လင့်ချက်မရှိပါဘူး။တစ်သတ်မှတစ်ခါ ရူးရူးမိုက်မိုက်ချစ်ခဲ့မီသူဟာ မောင်ပါ။
မောင်ခံစားရသလို သဲငယ်လဲ ခံစားနေရတာကို မောင်မသိဘူး။အချိန်တိုင်းမျက်ရည်တွေနဲ့ မိတ်ဆွေဖွဲ့နေရတာကို မောင်မသိဘူး။လွမ်းတိုင်း ပြေးဖက်ခွင့်မရှိတဲ့အေခြနေမို့ ဘယ်လောက်ထိ နာကျင်နေမှန်းမောင်မသိဘူး။ညဘက်တွေဆို မောင်ကိုတွေ့ချင်စိတ်ကြောင့်အိမ်မက်ေတွထဲအပြေးလွှာရှာနေခဲ့တာ မောင်မှမသိဘဲ ။မောင်မသိခြင်းတွေ များပါတယ်မောင်ရယ်။
ခံစားချက်တွေဟာ တင်းကျပ်လာသည်။ရင်ထဲ မွန်းကျပ်မှုတွေဟာ ပြည့်သိပ်နေတယ်။အနည်းငယ်ကြာတော့ဆော့ဂျင် မျက်ဝန်းက မျက်ရည်စတွေစဲသွားသည်။