part -11

697 102 16
                                    

"ဘာ ဒါဆို ကျွန်မတို့သားကရော"

"ဒီကလေးက ကို သားဖြစ်သလို ထယ်လေးလဲ ကို သားဘဲ"

"ရှင်က ရွံ့ဖို့အတော်ကောင်းတဲ့သူဘဲ ထယ်လေး မျက်နှာကိုမှမထောက် ရှင်လုပ်ရက်တယ် "

"ကို တောင်းပန်ပါတယ်"

အန်ကယ်ဟာ အန်တီကို တောင်းပန်စကားကိုသာ ပြောနေခဲ့သည်၊အန်တီကတော့ အန်ကယ်ကိုပင် မကြည်ဘဲ တစ်ခြားဖက်သို့မျက်နှာမှုထားသလို မျက်တို့လဲကျနေမီသည်၊

"ကောင်းပြီလေ ဒါဆိုလဲ ရှင်းရှင်းလင်းလင်း လုပ်ကြတာပေါ့"

အန်ကယ်ဟာ အန်တီကို နားမလည်သလို ကြည်သည်၊အန်တီကတော့ ခနဲ့ပြုံး မဲ့ပြုံး ပြုံးက စကားဆက်ပြောသည်

"ကွာရှင်းစာချုပ်မှ လက်မှတ်ထိုးပေးဖို့ စဉ်းစားထားပါ"

"ကို လက်မခံဘူး"

"ဘာရှင့် "

"ကို လက်မခံနိုင်ဘူး"

ပြောပြီ ထယ်ယောင်းရဲ့အဖေဟာ အနားထိတိုးသွားပြီ ထယ်ယောင်းရဲ့အမေကို တင်းတင်းကျပ်ကျပ်ဖက်သည်၊ထယ်ယောင်းရဲ့အမေဟာ ခါးခါးသီးသီးငြင်းဆန်‌သည်

"ကျွန်မကို မထိနဲ့ ရှင့်ဟာ သိပ်ရွံ့ဖို့ကောင်းတဲ့သူဘဲ"

"ဘာလို့ ကို ကိုအခုလိုဆက်ဆံနေရတာလဲ"

ထယ်ယောင်းအမေသည် နှုတ်ခမ်းကိုတွန့်ယုံပြုံးသည်၊ရွံ့ရှသလိုအကြည်မျိုးတို့နဲ့စူးရဲရဲကြည်သည်

"ကို ကိုအဲ့လိုမကြည်နဲ့"

"ကြည်မှဘဲ ရှင့်ဟာ သိပ်ရွံ့ဖို့ မုန်းဖို့ကောင်းတဲ့သူ ရှင့်လိုလူနဲ့ဆက်မပေါင်းနိုင်ဘူး"

"ဘာလို့လဲ"

ထယ်ယောင်းအဖေရဲ့ အမေးကို ထယ်ယောင်းရဲ့အမေ သည် မဖြေဘဲ အရင်ထပ်စူးရှသောအကြည်တို့ဖြင့်သာကြည်နေသည်

"ဆော့ဂျင်တို့ရဲ့အမေကို ချစ်မီသွားလို့လား"

"ဟုတ်တယ် ရှင့်ကြောင့် ကျွန်မ သိက္ခာကျတယ်၊ရှင့် ကျမကိုမကွာရှင်းပေးဘူးဆိုလဲ ရတယ် ကျွန်မသားကို ကျွန်မခေါ်ပြီ ဒီအိမ်ကနေ ထွက်သွားမယ် "

မုန်းသည်ထက်ပိုချစ်သည်(completed) Where stories live. Discover now