part -9

754 102 13
                                    

ဆော့ဂျင်အတွက် ဒီနေ့လေးဟာ လွန်စွာမှ ကြည်နူးဖွယ်ကောင်းလှသည်၊မောင် စကားသံတွေ မောငိအနမ်းတွေကြောင့် ရင်ခုန်လှိုက်မောရသည်မှ ထယ်ယောင်းအားစောင့်နေသည်ကိုပင်မေ့လျှော့နေမီသည်၊ကျောင်း ခေါင်းမိုးထပ်လေးကို အပြေးလွှာ သွားကြည်တော့ ထင်သည့်အတိုင်း ရှိမနေတော့သည် ထယ်ယောင်း၊ သူစိတ်ဆိုးသွားသည်ထင်၍ မောင်ကြောင့် ပျော်နေရသည့် အပျော်တွေထက် စိုးရိမ်စိတ်တွေက ကြီးစိုးလာသည်၊ထယ်ယောင်းကို သူကြောက်သည် ၊ထယ်ယောင်း၏ စကားတစ်ခွန်းကို မည်သည်အရာနဲ့မှ မလွန်ရဲ့ခဲ့ပါ ၊

ယခုက မောင်ကြောင့် မရှိသော အားအင်တွေကိုစုကာ ထယ်ယောင်းကိုပထမဆုံးအကြိမ် လျစ်လျူရူရဲ့ခြင်းဖြစ်သည်၊ဆော့ဂျင်လဲ ကျောင်းခေါင်းမိုးထပ်တွင်ထယ်ယောင်းရှိမနေတာကြောင့်  အိမ်ကိုသာပြန်လာလိုက်သည်၊အိမ်ပြန်ရောက်တော့လဲ ထယ်ယောင်းကရှိမနေ ဘယ်ကိုသွားနေတာလဲဟု ဆော့ဂျင် တွေးလိုက်မီသည်၊ သူအရင်ပြန်သွားရင် အိမ်ကိုအရင်ရောက်ရမှလေ အခုက မရောက်သေးတာလား ဒါမှမဟုတ် တစ်ခြားကို သွားနေတာလား ၊ ကျောင်းတက်ချိန်မှလဲ ထယ်ယောင်းကရောက်မလာ၊အ‌‌ေဖြမရှိတဲ့ အတွေးမေးခွန်းတွေကြောင့် စိတ်ရှုပ်သလို ခေါင်းကိုကုတ်ရင်း ရေချိုးဖိုါပြင်လိုက်သည်၊ခနအကြာ ရေချိုးပြီးလို့ အောက်ထပ်ဆင်းကာ ထမင်းစားနေလိုက်သည်၊ထမင်းစားနေရင်းနဲ့လဲ စိတ်မောစွာ ထယ်ယောင်းအလာကို တစ်မျှော်မျှော် စောင့်နေသည်၊

ထိုအချိန် ကျယ်လောင်သောကားသံဖြင့် ခြံဝင်းထဲ မောင်းနှင်းလားသည့် RX7အနီရောင်ကားတစ်စီးဟာ ခြံစောင့်လေးရဲ့ တံခါးဖွင့်ပေးသည်ကိုပင်မစောင့်ဘဲ တဟုန်းထိုးမောင်းလာတာကြောင့် သံတံခါးလေးဟာ ဖြုတ်ကာ အဝေးသိုလွင့်သွားသလို့ ထိုကားလေးဟာလဲအရှေ့ပိုင်း ကားခေါင်းခန်းတွင် ပိန်လိမ်ကာ ရစရာမရှိအောင် ပျက်ဆီးသွားသည်၊ခြံထဲ အလုပ်သမားများမှလဲ အထိတ်ထိတ်အလန့်လန့်ဖြစ်ကုန်သည်၊အလုပ်သမားအကုန်လုံးသည် ထယ်ယောင်းဘေးတွင် တုပ်တုပ်မျှမလုပ်ဘဲ ခေါင်းကိုကိုငုတ်ကာ ထယ်ယောင်းကိုမဝင့်မရဲ ကြည်နေကြသည်

ထယ်ယောင်း ဒေါသကို ခြံထဲကအလုပ်သမားတွေမပြောနဲ့ သူတောင်ကြောက်ရသည်၊ ထယ်ယောင်းအ‌ေဖဆို ဘယ်‌သော
အခါမှ ထယ်ယောင်းကိုစိတ်ဆိုးအောင်မလုပ်တဲ့အပြင် ဆူလဲမဆူ ထယ်ယောင်းလိုချငတဲ့အရာမှန်သမျှ ပြီးတော့ ထယ်ယောင်း ဆိုးသမျှကို ငွေအားဖြင့် ဖြေရှင်းပေးသည်၊ချမ်းသာသူတို့ရဲ့မီသားစုတွင် တစ်ဦးတည်းသောသားအဖြစ် မွေးလာသည့် ထယ်ယောင်းဟာ လိုလေးသေးမရှိ ၊သူလက်ညိုးထိုးရာ ရွှေဖြစ်စေသည် မိဘများကြောင့်ထယ်ယောင်းသည် ရှင်ဘုရင်တစ်ပါးလို့ ကြီးပြင်းခဲ့ရသည်၊ငယ်စဉ်ထဲက ထယ်ယောင်းတို့ဆီ ရောက်ထဲကအခုထိ ထယ်ယောင်းအကြောင်းကို စပ်စပ်စုစုအမေးရဲ ၊ သူသိသော ထယ်ယောင်းအကြောင်းတွေမှ မည်မျှမှမရှိ၊

မုန်းသည်ထက်ပိုချစ်သည်(completed) Wo Geschichten leben. Entdecke jetzt