part-5

986 118 8
                                    

အချိန်အားဖြင့် နှစ်ပတ်တောင်ရှိပြီ ဆော့ဂျင်အတွက် ကျောင်းတက်ရတာ အင်မတန်မှ ရင်ခုန်ဖို့ကောင်းနေသည်၊ဂျောင်ဂုတို့အတူ ရီမောလိုက် စကားပြောလိုက်နဲ့ စာသင်ရတာ သူအတွက်တော့ ပျော်စရာပင်ဖြစ်သည်၊တစ်နည်းအားဖြင့် ဂျောင်ဂုဟာ သူအပေါ်အရမ်းကောင်းသည်၊သေးသေးဖွဲဖွဲလေးကအစ ဂရုစိုက်ပေးနေတာကြောင့် ဂျီမင်းက သူတို့နှစ်ယောက်ဆိုအမြဲစသည်၊ကျောင်းတက်ရမယ်နေ့တိုင်း သူမှ အမြဲစိတ်လှုပ်ရှားနေခဲ့တာ ကျောင်းတွင် ဂျောင်ဂုကို တွေ့ရတော့မှကြောင့် ဖြစ်သည်။

"ဂျောင်ဂုမင်းကိုကြည်ရတာ ငါမျက်စီနှောက်လာပြီ"

"ဘာကိုလဲ"

"မင်းလက်ထဲက ကိုင်ထားတဲ့  banana milk ဗူးက သောက်မှလားမသောက်ဘူးလား"

ဂျောင်ဂုတစ်ယောက် ကျောင်းကိုရောက်ထဲက banana milk ဗူးကိုကိုင်ကာ ပြုံးစီစီလုပ်နေပြီး ဗူးကို ကိုင်လိုက် ချလိုက်နဲ့ တစ်ယောက်တည်းအလုပ်တွေရှုပ်နေသည်၊ခုံမှ ထိုင်နေတော့လဲ ခြေထောက်တွေအငြိမ်မနေ၊မသိရင် တစ်ယောက်ယောက်ကို ရည်းစားစကားပြောတော့မယ့်လူလို့ ဂနမငြိမ်၊ စာပွဲခုံကို လက်လေးများဖြင့် ခေါက်လိုက်၊milkဗူးကိုကြည်ပြီး ပြုံးလိုက်လုပ်နေတဲ့ ဂျောင်ဂုကို ဂျီမင်းဖြင့်ကြည်မရတော့ပါ၊

"ငါသောက်ဖို့ ဝယ်ထားတာမဟုတ်ဘူး"

"ဒါဆိုငါသောက်ဖို့လား ပေး"

ပြောလဲပြော ဂျောင်ဂုလက်ထဲက milk ဗူးကို လုလိုက်သည်၊မြန်လွန်းနေတာကြောင့် ဂျောင်ဂုဆီက milk ဗူးလေးက ဂျီမင်းလက်ထဲရောက်သွားသည်၊
မနက်ထဲ ဆော့ဂျင်အတွက် မသောက်ရက်ဘဲ ယူလာတာကို သောက်ဖို့ပြင်နေသော ဂျီမင်းကြောင့် ဂျောင်ဂုမြန်မြန်တားကာ ဂျီမင်းဆီက milk ဗူးကိုပြန်လုနေသည်၊
ဂျောင်ဂု ဖြစ်နေပုံကို စချင်တာကြောင့် milk ဗူးကို မပေးဘဲ ဂျောင်ဂုလက်ထဲကိုမပါမခံပြန်လုနေသည်၊နှစ်ယောက်သာ ငါသောက်မယ် ၊မသောက်နဲ့လို ပါးစပ်မှ ပြောရင်း လက်တွေကလဲ ထို milk ဗူးလေးကို ကိုင်ထားကြသည်။

"ညီလေးတို့ ဘာလုပ်နေတာလဲ ဟင်"

ရှေ့ဆင့်နောက်ဆင့် ထိုင်နေကြပြီး သေးငယ်သော milk ဗူးကို အပြိုင်လုနေကြတဲ့ ဂျီမင်းနဲ့ဂျောင်ဂုမှ ဆော့ဂျင်ကျောင်းခန်းထဲ ဝင်လာသည်ကိုပင် သတိမပြုနိုင်၊ဆော့ဂျင်လဲ သူခုံလေးတွင်ထိုင်လိုက်ပြီး စကားများနေကြတဲ့ ဂျီမင်းနဲ့ ‌ေဂျာင်ဂုကို မေးလိုက်သည်၊သူကိုမြင်တော့ ဂျီမင်းက မျက်လုံးလေးတွေ မှေးသွားတဲ့အထိ ရီပြသည်၊ဂျောင်ဂုကတော့ ရှက်သလိုပုံစံနဲ့ ခေါင်းလှည့်သွားသည်

မုန်းသည်ထက်ပိုချစ်သည်(completed) Where stories live. Discover now