part-4

1.1K 121 8
                                    

About 6 yrs ago<<<<<

"ကဲကဲ တိတ်ကြစမ်း"

ကျောင်းခန်းထဲတွင်ရှိသော စာသင်ခန်းတွေထဲမှ တစ် ခန်းထဲတွင်ကျောင်းသားဦးရေ ပျမ်းမျှအယောက် ၃၀ကျော်ရှိသည်။ထို စာသင်ခန်းထဲတွင် ယောကျာ်လေး ၊မိန်းကလေးအတူစု‌၍ စကားပြောရီမောနေကြသလို ဖုန်းကြည်နေသူ၊သီချင်းနားထောင်နေသူ များ‌ေကြာင့် ထိုစာသင်ခန်းဟာ ဆူညံနေသည်။စာသင်ခန်းရဲ့ နောက်ဆုံးတွင် ဘောပင်လေးကိုင်ကာအပြင်သို့ငေးနေတဲ့ ကောင်လေးတစ်ယောက်လဲရှိသည်။ကျောင်းဝင်းရဲ့ကွင်းပြင်မှ ဘောလုံးကန်နေကြသူတွေ၊အပင်လေးတွေ၊ ခုံတန်းလေးတွေပေါ်မှ ထိုင်နေကြသူတွေ၊အိပ်တွေ စာအုပ်တွေကိုင်ကာ စကားပြောပြီ လမ်းလျှောက်နေကြတဲ့ မြင်းကွင်းကို ငေးကြည်နေသည့်ကာ ထိုကောင်လေးရဲ့သဘောကျခြင်းပင်ဖြစ်သည်။အခန်းထဲ ဝင်လာတဲ့ တီချယ်ကြောင့် ကျောင်သားကျောင်းသူများသည် နေရာတကျပြန်ထိုင်ကာ ငြိမ်နေကြတော့သည်။တီချယ်ဘေးတွင် ကျောင်းသားနှစ်ယောက်နဲ့ ကျောင်းသူတစ်ယောက် ပါရှိနေသည်။

"အားလုံးကို တီချယ်ကမိတ်ဆက်ပေးစရာရှိတယ်"

"ဟုတ်ကဲ့တီချယ်"

ကျောင်းသား/သူများထပ်မံထွက်လာသော အသံဖြစ်သည်။တီချယ်ဘေးတွင်ရှိသော ကျောင်းသားအသစ်သုံးယောက်ထဲမှ နှစ်ယောက်သည် အတော်နာမည်ကြီးပုံပေါ်သည်။ကျောင်းသား/‌သူ များရဲ့ တီးတိုးအားကျသံသည် ထိုနှစ်ယောက်အကြောင်းပင်ဖြစ်သည်။

"ဒီနေ့ တီချယ်တို့အခန်းထဲကို ကျောင်းသားနှစ်ယောက် ကျောင်းသူတစ်ယောက် အသစ်ရောက်တယ်၊သူကကင်မ်ထယ်ယောင်း သူဘေးက ယူမီယောင်း ‌နောက်ထပ်တစ်ယောက်က ကင်မ်ဆော့ဂျင်တဲ့ ၊လွှတ်သွားတဲ့ ကျောင်းစာတွေအတွက် ကူညီပေးလိုက်ကြပါအုံး၊ကဲကဲ အဆင်ပြေတဲ့နေရာဝင်ထိုင်လိုက်ကြ ကလေးတို့"

တီချယ်မိတ်ဆက်ပေးပြီးသည့်နှင့် ထွက်ပေါ်လာသော ကျောင်းသား/သူ များရဲ့ ဝိုးတွေ ဝါးတွေ အကျသံတွေဟာ အခန်းထဲမှပြည့်နက်နေသည်။ထိုအားကျသံများသည် ထယ်ယောင်းကိုသာ အသားပေးအားကျသံများကိုသာအတိုင်းထက်ကြားနေရသည်။ထယ်ယောင်းအတွက်သော ဒီလိုစကားသံတွေဟာ ပင်မျှပင်မနေ။ကျောင်းအိပ်ကို ဘေးတစ်စောင်းလွပ်ထားပြီး လက်တစ်ဖက်ကို ဘောင်းဘီအိပ်‌ထဲထည့်သည် ထယ်ယောင်းပုံစံသည် မည်သူကိုမျှ အရေးမလုပ်သည့်ပုံ။

မုန်းသည်ထက်ပိုချစ်သည်(completed) Where stories live. Discover now