Part-1

3.2K 185 8
                                    

ဒုန်း ~~~~~

ပြင်းစွာသော တံခါးဖွင့်သံနဲ့အတူ အော်လိုက်သော အသံနက်ကြီးကြောင့် အခန်းထဲတွင်ရှိနေသည် တစ်စုံ‌တစ်ယောက်ရဲ့ တင်းကြပ်စွာ ဖက်ခြင်းကို ခံနေရတဲ့ဆော့ဂျင်အား လန့်သွားသည်၊အသံလာရ တံခါးဝသို့ ဆော့ဂျင်ကြည်လိုက်တော့ အလွန်ပင်အံ့အားသင့်သွားသည်။ထိုအခန်းတံခါးဝတွင် သူအားစူးရှသောအကြည်စူးစူးဖြင့် စူးစိုက်ကြည်နေတဲ့ ထယ်ယောင်း၊အလွန်ပင်ဒေါသနေသည် မျက်နှာကို‌ေတွ့လိုက်ရတော့ ဆော့ဂျင် ထိတ်လန့်နေသည်၊ကြောက်လန့်တကြားသူအား တင်းကြပ်စွာဖက်ထားသော လက်တစုံကို ဖြုတ်ချလိုက်သည်။

"တောက်စ် ကင်မ်ဆော့ဂျင်"

"ထယ်"

ထယ်ယောင်းသည် တံခါးဝကနေသူကို စိုက်ကြည်နေပြီ လေးလံနေသော ခြေထောက်တွေကို အားယူကာလျှောက်လာသည်၊ထယ်ယောင်းသည် နှုတ်ခမ်းကိုပင် စေ့စေ့ပိတ်ကာစိတ်တင်းထားပုံပေါ်နေသည၊သူအနား ရောက်လာတဲ့ထယ်ယောင်းမှာပင် အသက်ပင်မရှုနိုင်လောက်အောင် တစ်ဆို့ဆို့ကြီးဖြစ်နေသည်ပုံ၊ထယ်ယောင်းနေရာမှသူဆိုရင်လဲ ရူးသွားမှ ကိုယ်သိပ်ချစ်ရတဲ့သူက တစ်ခြားတစ်ယောက်နဲ့ hotel room ထဲမှအတူတူ ရှိနေသည်မြင်ကွင်းကို ဘယ်သူတစ်ဦးတစ်ယောက်မျှ နားလည်ပြီးခံစားပေးနိုင်မှမဟုတ်၊ဒါပေမဲ့ သူက ထယ်ယောင်းနောက်ကွယ်မှ ဖောက်ပြန်တာမဟုတ်သည်ကိုတော့ သိစေချင်တယ်။

"ထယ်~~"

ဒေါသတွေအတော်ကိုထိန်းနေရသည် ထယ်ယောင်းမျက်နှာသည် နီရဲကာပေါက်ထွက်မတက်ဖြစ်နေသည်၊ဆတ်ဆတ်တုန်နေသော လက်သီးစုပ်များကြောင့် သွေးကြောင်များသည် မို့ထွက်သည်၊ဖရိုဖရုဲဖြစ်နေသည် ဆော့ဂျင် ရဲ့အကျီကြောင့် တင်းထားသမျှစိတ်တွေ ဒေါသူပုန်ထကာ

"ကင်မ်ဆော့ဂျင် မင်းငါနောက်ကွယ်မှ ဖောက်ပြန်နေတယ်ပေါ့"

"ဒုခဘဲ ထယ်ယောင်းငါကိုအထင်လွဲနေပြီ ငါဘာလုပ်ရမလဲ"

ဆော့ဂျင်စိတ်ထဲမှာရေရွတ်နေမီသည်၊ထယ်ယောင်းအထင်လွဲနေသည်ကို ငါဘယ်လ်ုရှင်းပြရမလဲ ၊ခက်သည်ကာ သူအား ထယ်ယောင်းအထင်လွဲသလို ပုံစံမျိုးပင်ဖစြ်နေတာကြောင့် ဆော့ဂျင် ဒေါသူပုန်ထနေသော ထယ်ယောင်းကိုပင် ရင်မဆိုင်ရဲ၊ဒါပေမဲ့ ထယ်ယောင်းထင်သလို ဖောက်ပြန်တာမဟုတ်ကြောင်းကိုတော့ ထယ်ယောင်းယုံအောင်ရှင်းပြရမည်

မုန်းသည်ထက်ပိုချစ်သည်(completed) Where stories live. Discover now