part-37

491 51 14
                                    

ကောင်ကင်ရှိငွေကြယ်များကရေပြင်ပေါ်သိုဆင်းသက်ခါကခုန်နေသလိုလိုပင် ရေမျက်နှာပြင်သည် တဖြတ်ဖြတ်တလက်လက်တောက်ပနေတော့သည်။ဆောင်း၏ညဥ့်ပင်ဖြစ်သော်လည်းအအေးရှိုန်သည်မပြင်းလှပေ။လဝန်းသည် အုန်းပင်ရွက်များကိုဖြတ်၍ ဆော့ဂျင်တို့ထိုင်ရာမြေပြင်တွင် ပြိုးပြောက်လှပစွာ အလင်းရောင်လေးများထင်ဟန်နေသည်။ပင်လယ်ပြင်ရဲ့အလှကိုလည်ကောင်း ၊ကမ်းစပ်နားတွင်လက်ချင်းချိတ်ကာ ရီမောနေတဲ့စုံတွဲတွေ ၊တစ်ယောက်ကိုတစ်ယောက်ကမှီကာကြည်နူးစရာစုံတွဲလေးများကလဲပင်လယ်ရဲ့အလှကိုတစ်ထောင့်တစ်နေရာ ကူညီပေးနေသလို။ဆော့ဂျင်တို့သည် အုန်းပင်းအနီးတွင်​ ချစ်သူတို့အတွက် ထိုင်စရာခုံတန်းလေးနားမှဂျောင်ဂုအတူထိုင်နေပြီး သဘာဝလမင်း၏အလှရောင်ကို ကြည်နေလေသည်။

သိုသော် ဆော့ဂျင်အတွက်သာယာသောပင်လယ်ပြင်နဲ့လမင်း၏ရောင်ခြည်အလှတွေသည်သူရဲ့နှလုံးသားထဲက ရှိနေသောနာကျင်မှုကိုအနည်းငယ်တောင်မဖြေဖျောက်နိုင် ထိုမျှသောသာယာမှုတွေကိုလဲဆော့ဂျင်မကြည်တတ်တော့ပေ။လူတစ်ယောက်ကအရမ်းကြီးပင်ပန်းနေပြီဆိုရင် နှလုံးသားဟာ နာကျင်နေပြီ အင်မတန်မှသာယာတဲ့ဘဘာဝအလှကိုတောင်မခံစားတတ်ကြတော့ဘူးမလား။

"မောင်အရှုံးပေးပါတယ် "

ဟင်...ဆော့ဂျင်လမင်းကိုကြည်ရကနေဂျောင်ဂုဆီအကြည်ရောက်မီတော့။ဂျောင်ဂုကပင်လယ်ပြင်ကိုငေးကြည်ပြီးဆော့ဂျင်ဘက်လှည့်လာကာ

"မောင်အရှုံးပေးပါတယ်သဲငယ်"

"ဟင်~~~အရှုံးပေးတဲ့ဟုတ်လား ဘာကိုလဲဂျောင်ဂု"

"မောင်တောင်းပန်ပါတယ် "

"~~~~~~~~"

"မောင်အမှားကြီးမှားသွားတယ် မောင့်ကိုခွင်လွှတ်နိုင်မလား"

ဆော့ဂျင်ဂျောင်ဂုကို ကြည်လိုက်တော့~~~မောင်မျက်လုံးများသည်တကယ်ကို ကြေကွဲနေပုံရသည်။ခုဆိုမောင်မျက်ဝန်းအိမ်ထဲမှမျက်ရည်လေးများလဲ့လို့။တခဏအတွင်းစီးကျလာတဲ့မျက်ရည်ကြောင့်ဆော့ဂျင်ရင်ထဲမချီမဆန့်ခံစားလိုက်ရပြန်တယ်။သူကြောင့်မောင်ငိုရတာတွေများကြီး အခုလဲအရုံးပေးတယ်တဲ့လားမောင်ရယ်~~~မောင်ပါးပြင်ပေါ်ကမျက်ရည်လေးကိုသူလက်လေးဖြင့်သုတ်ပေးလိုက်ပြီး

မုန်းသည်ထက်ပိုချစ်သည်(completed) Место, где живут истории. Откройте их для себя