part-38

337 39 8
                                    

ယွန်းဂီဒီနေ့ထယ်ယောင်းဆီရောက်လာပြီနောက်လထဲမှာနော်ဝေးကိုအပြီးသွားနေဖြစ်တော့မဲ့အကြောင်းလာပြောနေချိန် သူတို့ဆီဦးတည်လာတဲ့တစ်စုံတစ်ယောက်။ထိုလူကိုယွန်းဂီကြည်လိုက်တော့ ထယ်ယောင်းရဲ့မန်နေဂျာလီဖြစ်သည်။မန်နေဂျာလီသည် ထယ်ယောင်းနားကပ်သွားပြီး တစ်စုံတစ်ခုကိုတိုးတိုးလေးပြောကာပြန်ထွက်သွားသည်။ကျန်ခဲ့တဲ့ထယ်ယောင်းမှာအလွန်ပင်ဒေါသထွက်နေသည်။

"ထယ်ယောင်းဘာဖြစ်လို့လဲ"

သူပြောတာကိုမဖြေဘဲစားပွဲပေါ်တွင်ရှိနေသောဖုန်းကိုယူလိုက်ပြီး

"အခုချက်ချင်းကားထုတ်ထား"

ထယ်ယောင်းပုံစံကတော်တော်ဒေါသထွက်နေသည်။သွားစရာကဘယ်လိုလဲ ထယ်ယောင်းအခုလိုဒေါသထွက်ပုံနဲ့ဆိုရင် သေချာပေါက်ဆော့ဂျင်ပက်သက်နေမှဘဲ။ဆော့ဂျင်နဲ့ပင်သက်ရင်ထယ်ယောင်းမှအမှားအမှန်မမြင်နိုင်ဘဲ ဒေါသကိုသာအလိုလိုက်တတ်သည်။ဒါကြောင့်မဖြစ်သင့်တာတွေမဖြစ်အောင်ထယ်ယောင်းကိုတားရမယ်။

"ထယ်ယောင်းမေးနေတယ်လေ အခုဘယ်ကိုသွားမို့လဲ"

"အရေးကြီးတဲ့ကိစ္စတစ်ခုကြောင်းသွားမလို့ ပြောစရာရှိရင် ကျနော်ပြန်ရောက်မှဆက်ပြောကြရအောင်"

ပြောပြီးထိုင်ခုံကနေထကာ သွားဖို့လုပ်နေတဲ့ထယ်ယောင်းကိုယွန်းဂီကတားလိုက်သည်။

"အခုချက်ချင်းသွားရတဲ့အထိအရေးကြီးနေလို့လား"

"ကျနော်သေရေးရှင်ရေးထက်ပိုအရေးကြီးတယ်"

သေချာပါပြီဆော့ဂျင်နဲ့ပက်သက်နေပြီဆိုတာ အခုယွန်းဂီလုပ်ဖို့ကထယ်ယောင်းကိုမသွားအောင်တားဖို့ကလဲွဲ ပြီး တစ်ခြားမရှိ။

"ဆော့ဂျင်ဆီမလား"

"ဟုတ်တယ်"

"မသွားနဲ့ထယ်ယောင်း"

"ကျနော်ကိုတားလို့ရမယ်ထင်နေလား"

"ဟုတ်တယ် ဒါပေမဲ့ အခုတော့ငါရအောင်တားရမယ်။ဆော့ဂျင်ဆီမရောက်ရောက်အောင်သွားဖို့ကမင်းအလုပ်ဆိုရင် ဘယ်နည်းနဲ့မဆိုတစ်နည်းနည်းနဲ့တားရမှာကငါအလုပ်ဘဲ။ဒီတော့ထယ်ယောင်းမင်းအကိုစကားကိုနား
ထောင်လိုက်ပါမဟုတ်ရင်အကိုတားရမှာဘဲ ဘယ်နဲ့လဲ"

မုန်းသည်ထက်ပိုချစ်သည်(completed) Where stories live. Discover now