part -10

664 91 11
                                    

ဆော့ဂျင်အတွက် ဒီမနက်ခင်းက အရင်ကလို အလန်းစမ်းမနေပါ၊အဖြေမရှိသော မေးခွန်းတွေကို တွေးနေမီတာကြောင့် တော်တော်နဲ့အိပ်မပျော်၊ညက ငိုနေတဲ့ ထယ်ယောင်းပုံရိပ်လေးက သူမျက်လုံးထဲ အကြိမ်ကြိမ်ပေါ်လာသည်၊သူကြောင့် ထယ်ယောင်းငိုရတာလို့ ဘာအတွက်ခံစားမီနေရတာလဲ၊အိပ်ရေးပျက်တာကြောင့် ခေါင်းထဲ မူးနောက်နောက်ဖြစ်နေသည်၊အိပ်ယာနိုးနိုးချင်းမှလဲ အတွေးထဲ ပထမဆုံးရောက်လာသည့်က ထယ်ယောင်း ဘာကြောင့်ငိုနေရလဲဆိုတဲ့အကြောင်းပင်ဖြစ်သည်၊

ဆော့ဂျင်လဲ မျက်နှာသစ် လုပ်စရာကှိတာလုပ်ပြီး အောက်ထပ်သို့ဆင်းသွားသည်၊ဒီနေ့ ကျောင်းပိတ်ရက်ဖြစ်တာကြောင့် အန်ကယ်အိမ်သို့လာမည်ထင်သည်၊ထယ်ယောင်းက သူအဖေနဲ့ အိမ်ခွဲနေခဲ့တာ အလယ်တန်းကျောင်းသားအရွယ်တည်းကပင်ဖြစ်သည်၊ သူကတော့ ထယ်‌ေယာင်းအနားကနေ ဘယ်မှာမသွားရတာကြောင့် ထယ်ယောင်းအိမ်မှာသာ လိုက်နေရသည်၊
ထယ်ယောင်းရဲ့ဖြစ်ချင်တဲ့အရာကို အန်ကယ်က တစ်ခွန်းတောင် ငြင်းဆန်ခြင်းမပြုခဲ့ဘဲ အမြဲ လက်ခံပေးသည်၊ ထယ်ယောင်းနဲ့သူအဖေရဲ့ ဆက်ဆံရေးကအရမ်းအေးစက်လွန်းသည်၊

၊သိုပေမဲ့ ထယ်ယောင်းအား အလွန်ကို ဂရုစိုက်ပေးသည်၊ ကျောင်းပိတ်ရက်တိုင်း ထယ်ယောင်းကိုအမြဲ လာလာကြည်သည်၊အန်ကယ် ထယ်ယောင်းဆီ လာတွေ့တိုင်းလဲ ထယ်ယောင်းက တွေ့ချင်မှတွေ့တယ် မတွေ့ချင်မတွေ့ဘဲနေသည်၊အန်ကယ်ကတော့ ထယ်ယောင်းကို ဘာမှမပြောပါ၊ အပြစ်လုပ်ထားတဲ့သူလို့ ကျေကျေနပ်နပ်ကြီး ညိမ်ခံနေသည့်သဘောပင်၊အိမ်သာ ခွဲနေတာ ထယ်ယောင်းအနား အန်ကယ်က အမြဲ Bodyguardတွေ ထားထားသည်၊ထယ်ယောင်းက အက်လိုမျိုးတွေ မကြိုက်ပေမဲ့ မလွဲသာလို့ လက်ခံထားသည့်သဘော၊စကားလဲ တစ်နှစ်လုံးနေမှ ဆယ့်ခွန်းပြည့်အောင်မပြော‌ဖြင့်ကြပါ၊ ထယ်ယောင်းတို့ သားဖနှစ်ယောက်ရဲ့ ဆက်ဆံရေး အေးစက်ရတဲ့အကြောင်းရင်း သူနဲ့ အပြည့်ဝသက်ဆိုင်နေသလို ခံစားရသည်၊ စိတ်ရှုပ်စရာ အတွေးတွေကို ဖြတ်ပစ်လိုက်ပြီ ထယ်ယောင်းအတွက် မနက်စာ breakfast ကိုပြင်နေလိုက်သည်၊ခနအကြာတော့ ထယ်ယောင်းဆင်းလာသည်ကိုတွေ့သည်၊ သူကိုမြင်တော့ ထယ်ယောင်းခြေလှမ်းတွေက ခဏတာရပ်တန့်သွားပြီ ဆက်လျှောက်လာသည်၊ဆော့ဂျင် ဆင်းလဲတဲ့ထယ်ယောင်းကို ကြည်လိုက်တော့ မျက်လုံးလေးတွေက မို့အစ်နေသည့်ကိုတွေ့ ရခြင်းအားဖြင့် ထယ်ယောင်း ညကအတော်ကို ငိုထားပုံရသည်၊ခုံတွင် ဝင်ထိုင်လိုက်ပြီ ပြင်ပေးထားသော breakfast ပန်ကန်ကို တွေတွေကြီး စိုက်ကြည်နေတဲ့ထယ်ယောင်း ပုံစံက တစ်ခုခုကိုရှုံးဆုံးသွားရတဲ့သူလို့ စိတ်ပျက်လက်ပျက်ဖြစ်နေသည်၊

မုန်းသည်ထက်ပိုချစ်သည်(completed) Where stories live. Discover now