park-24

473 60 8
                                    

"လာလေအကို ဒါညီတို့ဆိုင်လေးလေ"

ဂျီမင်းသူဆိုင်လေးကိုလိုက်ပြသည် ပန်းလေးတွေအလှဆင်ပေးထားတာ ဖန်အိုး
လေးတွေနဲ့ လှလိုက်တာ ဂျီမင်းက စိတ်လေးအရမ်းနူညံတာ ပန်းချီအမြင်လဲရှိတော့ ခုလိုပန်းလေးတွေကိုအလှဆင်ပေးတာနဲ့ဂျီမင်းလိုက်လို့ပြောလို့ရတယ်

"လှလိုက်တာ"

"အကိုပြန်ရင် ညီတစ်ခုလက်ဆောင်ပေးမယ်လေ"

"ရပါတယ် အကိုဝယ်ပါ့မယ်"

"မဟုတ်တာ ညီကလက်ဆောင်ပေးတာကိုမငြင်းရဘူးလေ"

"ကဲ့ နှစ်ယောက်သားဘာတွေပြော"

"လူကြီး "

ယွန်းဂီဂျီမင်းနဲ့ဆော့ဂျင်နားရောက်လာပြီလက်ထဲတွင်ကိုင်ထားတဲ့ ခွက်နှစ်ခွက်ကိုချပြီ ပြောသည်

"ဆော့ဂျင် အတွက် လက်ဖက်ရည်ပူပူလေး ဒါက ကြက်ပေါက်လေးအတွက်"

"အားနာမီပြီ"

"အားနာစရာမလိုပါဘူး အကိုကသာကျေးဇူးတင်ရမှ ဘာလို့ဆိုအကိုအလုပ်သွားရင် ဒီမှကြက်ပေါက်လေးတစ်ယောက်တည်းကျန်ခဲ့တော့ပျင်းနေမှဆိုးလို ဆော့ဂျင် ရောက်လာတော့အဖော်ရတာပေါ့"

"ဟုတ်ကဲ့"

"လူကြီးအလုပ်မသွားသေးဘူး"

"ခုဘဲသွားတော့ ဒါဆိုကိုယ်သွားပြီ နောက်လဲလာလည်နော်ဆော့ဂျင်"

"ဟုတ်ကဲ့"

"ဟာလူကြီးတော့အကိုရှေ့မှာ"

"ဘာဖြစ်လို့လဲ ဆော့ဂျင် လေးကနားလည်ပေးနိုင်ပါတယ်နော်"

"ဟုတ်ကဲ့ "

ဆော့ဂျင် လဲဂျီမင်းတို့ကိုကြည်ပြီပြုံးနေသည်
သွားခါနီးဂျီမင်းနှာဖူးလေးကိုအနမ်းပေးလိုက်သည်ကို ဂျီမင်းကရှက်ပြီ ရန်တွေ့နေတာကြောင့် အကိုယွန်းဂီက စစ်ကူခေါတဲ့အနေနဲ့သူကိုပြောလိုက်သည်.. အကိုယွန်းဂီကြောင့် မောင်ကိုသတိရစေပြန်ပြီ မောင်ရယ်
ဆော့ဂျင် လဲအရင်ဂျောင်ဂုနဲ့ပျော်ခဲ့တဲ့အချိန်လေးတွေကို ရုပ်ရှင်ဆန်ဆန် ကိုပြန်မြင်ယောင်နေမီတယ်
ကျောင်းဆင်းချိန့်ဆို မောင်ကသူကိုအိမ်အထိလိုက်ပို့ပေးတာမျိုးတွေ
သူနှာဖူးလေးကိုအနမ်းပေးပြီ မောင်ရင်ခွင်ထဲမှသူကိုနစ်နေအောင်ဖက်ထားပေးသည်
​မောင်ရင်ခွင်ထဲရောက်နေချိန် မောင်ရဲ့မြန်နေတဲ့ရင်ခုန်သံတွေက သူကို ပျော်ရွှင်စေသည်
ပျော်စရာပုံရိပ်တွေကြား ဝမ်းနည်းစရာ ပုံရိပ်တွေက ဝင်ရောက်လာသည်...သူကိုမုန်းတီးတဲ့အကြည်နဲ့ကြည်နေတဲ့မောင်မျက်ဝန်းတွေ ထွက်မသွားခင် နောက်ဆုံးပြောခဲ့တဲ့မောင်စကား

မုန်းသည်ထက်ပိုချစ်သည်(completed) Unde poveștirile trăiesc. Descoperă acum