"ယောင်းငယ်"
ဆုံလည်ခုံမှကွန်ပျူတာနဲ့စာရင်းတွေပြုလုပ်နေတဲ့ထယ်ယောင်းက ယွန်းဂီကိုတစ်ချက်ကြည်ကာ ဘာလဲဆိုသည့်သဘောဖြင့်မေးငေါ့ပြသည်၊
ယွန်းဂီတစ်ယောက် သက်ပြင်းကျယ်ကျယ်ချကာ ခေါင်းတခါခါနှင့်မို့"ဘာပြောမို့လဲ အကိုယွန်းဂီ"
ထယ်ယောင်းသည် သူလုပ်လက်စအလုပ်ကို ခနရပ်ကာ ယွန်းဂီအနားသွားထိုင်ရင်းမေးသည်
"ယောင်းငယ် အကိုစကားကိုနားထောင်ပါ"
"ကျနော်အကိုယွန်းဂီကိုနားလည်အောင်မပြောပြနိုင်သေးဘူးထင်တယ်"
"ဘာကိုလဲ ယောင်းငယ်"
ယွန်းဂီဟာသိချင်စိတ်နဲ့ ပြန်မေးသည်
"ဆော့ဂျင်ကို ဘယ်လောက်ချစ်လဲဆိုတာလေ"
"ယောင်းငယ် ဆော့ဂျင်ကို ဘာကြောင့် လက်မလွှတ်နိုင်ဖြစ်နေရတာလဲ"
ထယ်ယောင်းက ယွန်းဂီစကားအဆုံး ခပ်အက်အက်ရီသည်၊ ရီသံ၊အရင်လို့ သဘောကျစွာရီခြင်းမဟုတ်၊ စိတ်ပျက်လက်ပျက်ရီခြင်း ဖြစ်သည်၊
"အခုရော အခုရော ကျနော်က ဆော့ဂျင်ကို ပိုင်ဆိုင်ခွင့်ရှိနေလို့လား "
"အာ့တာကြောင့် မင်းမချစ်သင့်တော့ဘူးလို အကိုပြောတာပေါ့"
"ကျနော် ဆော့ဂျင်ကိုချစ်တယ် အကိုယွန်းဂီ"
ပြောပြီ ထယ်ယောင်းသည် နေရာမှထကာ အပြင်ဘက်ကို လှမ်းငေးကြည်နေသည်၊ တိတ်ဆိတ်နေသည်၊ယွန်းဂီကလဲ ထယ်ယောင်းကိုကြည်ရင်းဘာစကားမှမပြောသလို ထယိယောင်းကလဲ ဘောင်းဘီအိတ်ထောင်ထဲ လက်ထည့်ကာ အပြင်ဘက်ကိုသာငေးကြည်နေသည်၊
"ကျနော်ဆော့ဂျင်ကိုချစ်တဲ့အချစ်ကအကြောင်းပြချက်မဲ့တယ် ခံစားဖူးလား"
"အကိုမှပြောစရာတစ်ခုဘဲရှိတယ် အဲ့တာက~~~~~"
"မချစ်သင့်ဘူး "
ယွန်းဂီရဲ့စကားကိုပင် ဖြတ်ပြောလိုက်သော ထယ်ယောင်း၊ယွန်းဂီလဲ ဘာမှဆက်မပြောဘဲတိတ်ဆိတ်နေလိုက်ပြန်သည်၊ထယ်ယောင်းသည် သူဆီကိုလျှောက်လာသည်
"ရှေ့ဆက်မတိုးတော့ပါဘူး ကျနော်ကြောင့် သူစိတ်ပင်ပန်းရမှဆိုးလို့"
![](https://img.wattpad.com/cover/331804155-288-k674197.jpg)