"စကားကို နှစ်ခါမပြောချင်ဘူး ကင်မ်ဆော့ဂျင်"
"ဟို"
"အခုလာခဲ့"
ပြောပြီ သူလက်ကောက်ဝတ်ကို ကိုင်ကာ ဆွဲခေါ်သွားသည်၊ဆော့ဂျင်လဲ ကြောက်ကြောက်လန့်လန့်နဲ့ပါသွားသည်၊ဂျောင်ဂုလဲဒေါသထွက်သွားတာကြောင့် ခုံကနေထသွားပြီး ထယ်ယောင်းနောက်ကိုပါသွားတဲ့ ဆော့ဂျင် ကျန်လက်တစ်ဖက်ကို လှမ်းကိုင်ကာ ပြန်ဆွဲလိုက်တာကြောင့် ဆော့ဂျင်ခြေလှမ်းတွေရပ်တန့်သွားသလို ထယ်ယောင်းရဲ့ခြေလှမ်းတွေလဲ ရပ်တန့်သွားသည်
ထယ်ယောင်း နောက်ကိုလှည့်ကာ ဂျောင်ဂုကိုစူးစူးစိုက်စိုက်ပြန်ကြည်လိုက်သည်၊ အခု ဆော့ဂျင်ရဲ့အခြေနေသည် လက်တစ်ဖက်စီကိုအဆွဲခံထားရပြီး ကြားကြပ်နေသည်၊"ဆော့ဂျင်က ငါတို့နဲ့အတူထိုင်နေတာလေ"
"ငါမထိုင်ခိုင်းဘူး"
"မင်းနဲ့ဘာဆိုင်လို့လဲ"
"ကင်မ်ဆော့ဂျင်ကို ငါပိုင်တယ်"
"ဘာ!"
အကြည်စူးစူးတွေနဲ့ တိုက်ခိုက်နေတဲ့ ထယ်ယောင်းနဲ့ဂျောင်ဂုကို ဆော့ဂျင်မှလဲဝင်မတားရဲ၊တင်းမာနေတဲ့အခြေနေကြောင့် အခန်းထဲရှိကျောင်းသူကျောင်းသားများက စိတ်ဝင်တစားကြည်နေကြသည်၊ထိုချိန် ကျောင်းအခန်းထဲသို့ ယူမီယောင်းနဲ့မိန်းကလေးတစ်ချို့ဝင်လာသည်၊ယူမီယောင်းရဲ့မျက်နှာကလဲ အလိုမကျသောမျက်နှာမျိုးဖြစ်သွားကာထယ်ယောင်းဘေးနားလာပြီ
"ကိုကို ဘာဖြစ်နေတာလဲ ဟင်"
"မင်းအပူမပါဘူး ကိုယ်ဟာကိုယ်နေ"
ထယ်ယောင်းပြောလိုက်တဲ့စကားကြောင့် ယူမီယောင်းတစ်ယောက် မျက်စီပျက်မျက်နှာပျက်ဖြစ်သွားသည်၊အခန်းထဲ ကျောင်းသား/သူများရဲ့ အံဩသံများကြောင့်လဲ ပါသည်၊ ယူမီယောင်းကို ဒီလိုပြောတာ ထယ်ယောင်းတစ်ယောက်ဘဲ ရှိသည်၊
"ဆော့ဂျင် ကျနော်တို့ပြန်ထိုင်ရအောင်"
သူကိုင်ထားသော ဆော့ဂျင်လက်လေးကို သူဘက်အားထည့်ဆွဲကာပြောလိုက်သည်၊ထယ်ယောင်းကလဲ အလွတ်မပေးဘဲ သူလက်ကိုပြန်ဆွဲကာ