ထယ်ယောင်း မနက်မိုးလင်းအိပ်ယာထပြီ ဆော့ဂျင် စားဖို့မနက်စာပြင်ရန်အောက်ထပ်ဆင်းလာချိန်
"ဆော့ဂျင်"
"နိုးပြီးလား ထယ်"
"ဘာလုပ်နေတာလဲ "
"မနက်စာပြင်နေတာလေ"
"ကို လုပ်မယ်လိုပြောထားတာကို"
"သိပါတယ်"
"အဲဆိုနောက်မလုပ်နဲ့ ဆော့ဂျင်ပင်းပန်းမယ့် ကို ဘဲလုပ်မယ်"
"ချက်ကျွေးချင်ပါတယ်ဆို"
"ဟင်"
"ထယ်ကိုစားစေချင်လို့ ချက်ကျွေးတာလေ"
"ဟင်"
ထယ်ယောင်းမှမယုံနိုင်လောက်အောင်ပင်အံ့သြနေသည်၊ဆော့ဂျင်ကတော့ သူကိုကြည်ပြီ ရီနေသည်၊နောက်နေတာမဟုတ်လား
"မစားချင်ဘူးလား ဂျင် ချက်ကျွေးမှကို"
"မ မဟုတ်ပါဘူး ကို ကိုက"
"ဘာလဲ မချက်တတ်ဘူးထင်နေတာလား အရင်တည်းက လုပ်လာတာပါနော်အိမ်ကအန်တီကြီးတို့ဟင်းချက်ရင် ဂျင်ကအမြဲကူချက်နေကြ"
ဆော့ဂျင် ဒီနေ့ထူးဆန်းနေတယ်မဟုတ်လား၊ သူကိုယ်သူ ဂျင် လို့လဲသုံးနှုန်းနေသည်၊ဒါအပြင် သူကိုပါ ထမင်းချက်ကျွေးချင်တယ်လိုပြောနေတာ ထူးဆန်းတယ်မဟုတ်လား
"ဂျင်"
"ဘာလဲ"
"ကို ကို စားစေချင်လို့တကူးတကချက်ပေးတာလား"
"ဟုတ်တယ် လေ ဘာဖြစ်လို့လဲ"
"ပျော်လို့ ပါ"
သူချက်ကျွေးတဲ့ထမင်းနဲ့ဟင်းကိုစားရမယ်ဆိုတာနဲ့တင် ပျော်နေလိုက်တာထယ်ယောင်းမျက်နှာမှအတိုင်းသားပေါ်နေသည်၊ထယ်ယောင်း ရယ် ငါဘက်ကလိုအပ်ချက်တွေရှိခဲ့ရင်လဲတောင်းပန်ပါတယ် ၊ငါနှလုံးသားက မောင်ကိုဘဲ လက်ခံနိုင်တာ၊ ငါအချစ်တွေအကုန်လုံးကို မောင်ဆီမှဘဲထားတာ ၊ငါရှိမှမရှိတော့တဲ့ ထယ်အရမ်းလိုချင်နေတဲ့အချစ်တွေကိုမပေးနိုင်ပေမဲ့ ၊ဂရုစိုက် မှုကိုတော့ ငါပေးနိုင်ပါတယ်၊
~~~
ထယ်ယောင်းတစ်ယောက် company သွားရန် ပြင်ဆင်နေချိန် အခန်းထဲသို့ဆော့ဂျင်ရောက်လာသည်၊