park -19

533 85 17
                                    


"ဂျီမင်း"

" အော် အကို"

"ဟို ဂျောင်ဂုကျောင်းမလာတာ တစ်ပတ်တောင်ရှိပြီနော်"

မောင်ကိုလမ်းခွဲပြီတည်းက အခုထိမတွေ့ရပါ၊မောင်ကျောင်းလဲမလာဘူး၊ဂျီမင်းကိုမေးတော့လဲ မသိဘူး၊မောင်ဘာတွေ လုပ်နေမလဲ၊မောင်ကိုလွမ်းတိုင်း မောင်နဲ့အတူထိုင်ဖြစ်နေတဲ့ ကျောင်းခုံတန်းလျားလေးကိုသွား‌ဖြစ်ပေမဲ့၊အပျော်ထပ်အပျက်က ထိုအမှတ်တရနေရာလေးမှ ကြီးစီုးနေတယ်၊မောင်မျက်ရည်တွေ၊မောင်တုန်လှုပ်နေမှုတွေက ဒီနေရာကိုလာတိုင်း သူရင်ထဲနာကျင်မှုကိုခံစားရသည်

"ဟုတ်တယ် ဘာလို့လဲ မသိဘူးအကိုရယ် ကျနော်လဲ သူဆီလိုက်သွားသေးတယ် ၊ကျနော်ကိုထွက်လဲမတွေ့သလို ဝင်လဲမဝင်ခိုင်းဘူး"

"ဟင် ဟုတ်လား"

မောင်သူကိုတော်တော်စိတ်နာနေမှဘဲ၊မောင်အဆင်ပြေရဲ့လား၊မပြေမှမဟုတ်ပါဘူး၊မောင်ရယ် တောင်းပန်ပါတယ်၊ဘယ်တော့မှ မပြောဘူးလို့ဆုံးဖြတ်ထားတဲ့ စကားကိုမှ သဲငယ်နှုတ်ကနေ ကိုယ်တိုင်ပြောခဲ့မီတယ်၊ နှစ်ကိုယ်တူမျှော်လင့်ထားတဲ့ကိစ္စတွေ က သဲငယ်ကြောင့် ပျက်ဆီးကုန်ပြီ၊မောင်အိမ်မယ်တွေ

"သဲငယ် မောင်တို့အိမ်မက်တွေ "

"အဲတာမင်းအိမ်မက်တွေပါ ငါအိမ်မက်မဟုတ်ဘူး ဂျောင်ဂု"

အဲ့နေ့ကမောင်ကိုပြောခဲ့တဲ့စကားသံတွေဟာ ဆော့ဂျင်နားထဲမဖိတ်ခေါ်ဘဲ ရောက်လာခဲ့တယ်၊ရင်ထဲခံစားချက်တွေ မွန်းကြပ်သွားသည်၊ဘယ်လိုများ မောင်အပေါ်ကိုရက်ရက်စက်စက်ပြောထွင်ခဲ့ရတာလဲ၊အဲ့တုန်းက သဲငယ်ပြောခဲ့တဲ့စကားတွေအတွက် အခုသဲငယ်မချိမဆန်ခံစားနေရပြီ၊မောင်ရယ် သဲငယ်ကိုများမမြင်ချင်လောက်အောင်မုန်းနေပြီလား၊

"ဟုတ်တယ် အကို နောက်မှ ဂျောင်ဂုကို ညီ အေးဆေးမေးကြည်ပါအုံးမယ် "

"အင်း "

ဆော့ဂျင်လဲ ဂျီမင်းကို နှုတ်ဆက်ပြီ သူတို့နှစ်ယောက်အတွက်အမှတ်တရရှိစေမဲ့ ခုံတန်းလေးဘက်ကို ထွက်လာခဲ့သည်၊ပါးပြင်သို့တစ်ဖြေးဖြေးကျလာတဲ့ မျက်ရည်တွေကိုလဲ မသုတ်မီ၊လေးလံနေသော ခြေထောက်ဖြင့် တစ်လှမ်းချင်း ထိုခုံတန်းလေးဆီသွားနေမီသည်၊မောင်သာ အရင်လို သဲငယ်နားရှိနေခဲ့ရင် ဒီလောက်အထီးမကျန်ရဘူးဆိုတာသေချာတယ်၊ဒီလိုအရာကို ဖြစ်စေခဲ့တဲ့သူက သဲငယ်ကိုယ်တိုင်မို့ ၊ဖြစ်လာသမျှတွေကို ခါးစီးခံမယ်၊မောင်နဲ့အမြဲတူရှိခဲ့တဲ့ ထိုနေရာလေးက ပျော်ရွှင်မှုတွေ ပြည့်နက်နေပေမဲ့ အခုတော့ နာကျင်ခြင်းတွေဘဲ ရစေတယ်၊ ထိုနာကျင်မှုက သဲငယ်အတွက် သဘောတွေ့စရာပါဘဲမောင်ရယ်၊မောင်အဆင်ပြေပြေရှိနေတယ်မဟုတ်လား

မုန်းသည်ထက်ပိုချစ်သည်(completed) Nơi câu chuyện tồn tại. Hãy khám phá bây giờ