part-36

408 52 17
                                    

ဂျောင်ဂု အပေါ်ထပ်ကနေ ထမင်းစားဝိုင်းမှကျန်ခဲ့တဲ့ဆော့ဂျင်ကို ပြန်လှည့်ကြည်နေမီသည် ။ဆော့ဂျင် ပြောလိုက်တဲ့စကားကြောင့် လဲ ဂျောင်ဂုရင်ထဲနာကျင်မှုကဆစ်ခနဲ့ ။မောင်ငါကိုအရမ်းမုန်းနေပြီလားတဲ့~~~~~မောင်မမုန်းပါဘူးသဲငယ်ရယ် မောင့်မမုန်းဘူး မုန်းဖို့ကြိုးစားခဲ့ပေမဲ့နည်းနည်းမှမမုန်းနိုင်ခဲ့ဘူး ။ တစ်ခါလာ ထယ်ယောင်း တစ်ခါလာထယ်ယောင်းနဲ့ မောင်ရင်ထဲနာကျင်ရတယ် ။မောင်အတွက်နေရာမရှိတော့လား သဲငယ် ဟင် ကင်မ်ထယ်ယောင်း ကိုအဲလောက်ချစ်နေတာလား ~~~~မောင်အနားမှရှိနေပေမဲ့ကင်မ်ထယ်ယောင်းကိုတသသဖြစ်နေတဲ့မင်းကိုစိတ်တိုတယ်။

ထယ်ယောင်းကိုမင်းတကယ်ချစ်နေပြီလားသဲငယ်ရယ်  ~~~~သိသိသာသာချစ်မပြခဲ့မီတာမောင်နောင်တရလို့မဆုံးဘူး ။
ထမင်းစားချိန်သဲငယ်လာခေါ်မှ ထွက်စားသလိုသဲငယ်ထည့်ပေးတဲ့ထမင်းနဲ့ဟင်းကိုမှ မောင့်စားတာက
သဲငယ်ရဲ့အပြုစုကိုအမိန့်ဆန်ဆန်ယူခဲ့မီတာပါ။ထမင်းစားဖို့လာခေါ်တိုင်း တံခါးနားကနေသဲငယ်ခြေလမ်းတွေကိုနားစွန့်နေခဲ့မီပြီး
တံခါးခေါက်လိုက်လို့လက်လေးတွေနာသွားဆိုတဲ့အတွေးကြောင့် ရောက်လာတာနဲ့တံခါးကိုသဲငယ်လာမခေါက်ခင်မောင်အရင်ဖွင့်နေခဲ့တာပါ။မောင့်အနားမှရှိနေရဲ့နဲ့ထယ်ယောင်းကို တနေတဲ့သဲငယ်ကိုမောင်မှစိတ်တိုလှတယ်။

ခုလဲ အိမ်ထဲမှနေရတာကြာလို့ပျင်းနေမှဆိုးတာကြောင့်ရော ပြီးတော့ ပင်းပန်းမှုတွေကိုမေ့ပစ်ပြီ သဲငယ်နဲ့နှစ်ယောက်အတူအချိန်ကုန်ချင်ခဲ့လို့
မောင်အလုပ်တွေကို အမြန်လုပ်ပြီးအားရက်ရအောင်ကြိုးစားခဲ့ပေမဲ့ ရလဒ်ကထယ်ယောင်းဘဲလား ။

တကယ်ဆို မောင်သဲငယ်ကိုလိုအပ်တယ်။ဒီနေ့ဘာတွေစိတ်ညစ်နေရလဲ အဆင်ပြေရဲ်လား နေလို့ကောင်းရဲ့လားဆိုပြီ ဂရုစိုက်မှုတွေသဲငယ်ဆီကမောင်လိုအပ်တယ်။အရင်တုန်းကအချိန်တွေလို့ မောင်နဲ့သဲငယ် နှစ်ယောက်သား အတူတူရယ်မောခဲ့ရတဲ့အချိန်တွေလိုမျိုး မောင်လိုချင်တယ်။ မောင်ရဲ့မာနတွေသာရှိမနေရင် မောင်လေ သဲငယ်ကို ခုလိုမျိုးသူစိမ်းဆန်မနေဘဲ ချွဲနွဲစကားတွေပြောဖြင့်မှ သဲငယ်ကိုချစ်တဲ့ကြောင်းတွေနားညည်းမတတ်ပြောဖြင့်မှ အလုပ်တွေဘယ်လောက်များများ သဲငယ်နားဘဲကပ်နေချင်မီတယ်။ ညတွေဆို အိပ်ခါနီး အချိန်တိုင်းမှ မောင်ကိုနမ်းပါအုံးဆိုပြီ ခေါင်းလေးတိုးကကလေးတစ်ယောက်လို့မောင်ချွဲချင်သေးတာ။ပင်းပန်းလာသမျှတွေကို သဲငယ်ကိုအနမ်းပေးကာဖြေဖျောက်ရင်း အမောပြေထွေးပွေ့ထားချင်သေးတာ။မညာတန်းပြောရရင်တစ်နေ့တစ်ရက်မှမောင်အဆင်မပြေဘူးသဲငယ်။တစ်နေ့တာသဲငယ်နဲ့အတူရယ်မောစကားတွေပြောချင်တဲ့စိတ်ကိုထိန်းနေရတာအဆင်မပြေဘူး။သဲငယ်သိအောင် ပေါ်ပေါ်ထင်ထင် ဂရုစိုက်ပြီး ချစ်ပေးချင်တဲ့မောင့်နှလုံးသားကိုထိန်းချုပ်နေရတာပိုပြီးခက်ခဲ့တယ်။~

မုန်းသည်ထက်ပိုချစ်သည်(completed) Where stories live. Discover now