"မင်းကို ငါ့ကို အထင်သေးနေတာပဲ။ ဒီလောက်ပိုက်ဆံကတော့ ငါ့အတွက် ဘာမှမဟုတ်ဘူး။ ရှင်းယွမ်၊ မင်း ဒီကောင်မလေးကို ငွေလွဲပေးဖို့ တာဝန်ယူလိုက်"

အမှန်ပင် အဖိုးရှု၏ ဘေးရှိ သက်လတ်ပိုင်းအရွယ်လူကြီး၏ အမည်မှာ ရှင်းယွမ်ဖြစ်သည်။

သူသည် အေးစက်စက်အမူအယာနှင့် ဖြစ်၏။ အဖိုးရှုတစ်ဦးတည်းကိုသာ ရိုသေလေးစားသည်။ သူ၏ အမူအယာသည်လည်း ချက်ချင်းပင် ပြောင်းသွား၏။ သို့သော် ကျင်းယွင်ကျောင်းသည် အဖိုးရှု၏ မျက်နှာသာပေးခံရသူဖြစ်ရာ ရှင်းယွမ်သည် ယခင်ကထက် ပို၍ ယဥ်ကျေးသွားပုံပင်။

"ကျွန်မမှာ ဘဏ်ကဒ်မရှိဘူး"

ကျင်းယွင်ကျောင်းသည် အနည်းငယ် ရှိုးတို့ရှန်းတန့် ခံစားနေရ၏။

"ဒါဆို ရှင်းယွမ်က မင်းကို ခေါ်သွားပြီး တစ်ခုလုပ်ပေးလိမ့်မယ်"

အဖိုးရှုက စိတ်မရှည်ဟန်ဖြင့် လက်ကို ဝှေ့ယမ်းကာ ပြောလိုက်ပြီး ဂျင်ဆင်းကို ကိုင်ရင်း အထဲသို့ ဝင်သွားသည်။

ကျင်းယွင်းကျောင်းက အနည်းငယ် မျှော်လင့်ချက်မဲ့ဖြစ်နေ၏။

"ဦးလေးရှင်းယွမ်၊ ဂျင်ဆင်းက တကယ်ကြီး အဲ့လောက်တောင် တန်တာလားဟင်"

"မင်းယူလာတဲ့တစ်ခုက သက်တမ်းရင့်နေပြီ။ သူရဲ့ပုံစံကလည်း ထိခိုက်ထားမှုမရှိဘူး၊ ဒါကြောင့် သူ့ရဲ့တန်ဖိုးက ကျမသွားတာ။ ဒါပေမယ့် ဒီလိုအရည်အသွေးကောင်းတာမျိုးက အများကြီးမရနိုင်ဘူး"

ဦးလေးရှင်းယွမ် ခဏကြာအောင် အံအားသင့်နေပြီးနောက် ပြန်ဖြေလာသည်။

ကျင်းယွင်ကျောင်းသည် ရုတ်တရက် အရေးပေါ်သတိပေးချက်တစ်ခု ရရှိလိုက်သလို ခံစားလိုက်ရ၏။ ဤဂျင်ဆင်းကို ရောင်းချခြင််းသည် တစ်ကြိမ်နှင့်ပင် လုံလောက်သည်။ အကယ်၍ သူမသာ အကြိမ်များစွာ ရောင်းချမိပါက အဖိုးရှုသည် မေးခွန်းများ မမေးလာဘဲ နေတော့မည် မဟုတ်ပေ။

သို့သော် အဖိုးရှုနှင့် ဦးလေးရှင်းယွမ်သည် လူကောင်းများဖြစ်ကြသည်။ ယခင်က သူမ ယူလာသည့် ဆေးပင်များသည် ဤဂျင်ဆင်းလောက် အဖိုးမတန်သော်လည်း ၎င်းတို့၏ အရည်အသွေးများအားလုံးမှာ ရှားပါး၍ အလွန်ကောင်းမွန်၏။ ဤလူနှစ်ယောက်သည် တွန့်ဆုတ်မှုမရှိဘဲ လက်ခံခဲ့ကြသည်။ အကယ်၍ အခြားသူသာဆိုပါက သူတို့သည် သိချင်စိတ်ကို မထိန်းနိုင်ဘဲ မေးမြန်းပြီးဖြစ်လိမ့်မည်ပင်။

အတိတ်၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now