Chapter 194- မွ ~ 2

Start from the beginning
                                    

သူတို့လုပ်ခဲ့သည်က လက်ထပ်ပွဲဖြစ်သော်လဲ တရားဝင် လင်မယားမဖြစ်ခဲ့။ တိဘီရန်က လူလည်ကျကာ လက်ထပ်စာချုပ်တွင် လက်မှတ်မထိုးထား။ ကျင်းချင်းရာ မွေးသည့်ကလေးက ယောကျ်ားလေးဖြစ်မှ လက်မှတ်ထိုးပေးမည်ဟု စီစဥ်ထားခြင်းဖြစ်၏။

သူတို့စုံတွဲ ဒီလိုကြီးပြတ်သွားတော့ ကျန်သူများက အံ့အားသင့်နေရသည်။ အထူးသဖြင့် သူတို့ လက်ထပ်ပွဲကို တက်ရောက်ခဲ့ကြသည့် အနုပညာရှင်များဖြစ်၏။

တိဘီရန်က Huangdu ရှေ့နေအဖွဲ့အကူအညီနှင့် အချုပ်ထဲမှ လွတ်မြောက်လာသည်။ ချင်းလီကလဲ အံ့အားသင့်စရာ သူ့ကို လာကူပေးကာ လိုအပ်သည်များ လိုက်လုပ်ပေး၍ တိဘီရန် ရင်ထဲ ထိသွားသည်။

မကြာခင်မှာပင် တိဘီရန်နှင့် ချင်းလီတို့က ' ကံမကောင်းအကြောင်းမလှ၍ ကွဲကွာသွားခဲ့ရသော စုံတွဲများ ' လို အဆုံးသတ်တွင် ပြန်လည်ပေါင်းဖက်ကြလေသတည်း ဖြစ်သွားကြသည်။

C မဂ္ဂဇင်း၏ ဖေဖော်ဝါရီလ အထူးမဂ္ဂဇင်း ထွက်လာသည်။ cover က တိချိုးဟယ်နှင့် ရီကျဲတို့၏ မနှင့်မောင် စုံတွဲဖြစ်၏။ ပရိသတ်တွေက တိချိုးဟယ်က မင်းသားဖြစ်ဖို့ မွေးလာတာပါဟုပင် ယုံပစ်လိုက်ကြသည်။ ချစ်ရည်ရွှန်းလဲ့သည့် မျက်လုံးလေးတွေက ကြွေချင်စရာလေးမို့ဟု ပြောကြသည်။

ဟောပိုင်ခန့်မှန်းထားသည့်အတိုင်း အနုပညာလောကကြီးကို တိချိုးဟယ် လွှမ်းမိုးစပြုလာသည်။ ဟိုတလောက ထွက်ခဲ့သည့် တိချိုးဟယ်ကြော်ညာထားသော Wild Bull နာရီကလဲ ရောင်းမလောက်ဖြစ်ကာ အခု မဂ္ဂဇင်းသည်လဲ ခဏလေးနှင့် အကုန်ပြတ်သွား၍ အသစ်မှာသူများ မြောက်မြားစွာ ရှိလာသည်။ ပြီးတော့ အခု ဒရာမာအသစ်လဲ ရိုက်နေရပြီ။ တိချိုးဟယ်ဘဝက Huangdu မရှ်ိမှ ပိုအဆင်ပြေလာ၏။

တိချိုးဟယ်က ကြူးထားသော cmt များကြောင့် ဟောပိုင်တစ်ယောက် ကျက်သီးများထကာ weibo ထဲမှ ထွက်လိုက်သည်။ ထို့နောက် သူ့ကားဆရာကို လှမ်းမေးလိုက်၏။
" ရှုချင်း...ရောက်ဖို့ ဘယ်လောက်လိုသေးလဲ"

" ငါးမိနစ်လောက်ပါပဲ"
ရှုချင်းက ပြန်ဖြေကာ ဆက်ပြောသည်။
" သခင်လေးတိနဲ့ သခင်လေးဟောက တကယ့်သူငယ်ချင်းကောင်းတွေပဲနော် ... သခင်လေးဟောက အလုပ်တွေ ပြီးတာနဲ့ ချက်ချင်း သခင်လေးတိရဲ့ ရိုက်ကွင်းကို ပြေးလာတယ်"

OUR ( One Useless Rebirth) 2Where stories live. Discover now