Chapter 167 - နှစ်ဦးပိုင် ပစ္စည်း 5

Start from the beginning
                                    

ပုံထဲမှ မိန်းကလေးမှာ စားကောင်းတာကိုတွေ့၍ အတူလာစားရန် ခေါ်နေသော အမဝမ်းကွဲနှင့်ပင် တူနေသည်။

ပုံရိုက်ထားသည်က လှလွန်းနေသည်။ ပေါက်စီဆိုင်၏ မီးပုံးနီနီကလဲ ဆိုင်အမိုးထောင့်ပေါ်တွင် ချိတ်ဆွဲထားကာ ထိုမီးအနီရောင်က မိန်းမလှလေး၏ မျက်နှာပေါ် ဖြာကျ၍ ရဲနေသည်။ ရေကြည်ကန်ထဲမှ ကြာပန်းနီနီလေး ပွင့်သလို ထင်းနေ၏။

ပထမတစ်ခေါက်ကြည့်ရင် မသိသာပေမဲ့ ကြည့်လေကြည့်လေ ထိုပုံထဲမှ အငွေ့တထောင်းထောင်းနှင့် ပေါက်စီနံ့ကိုပင် ရလာသည်ဟု ထင်ရသည်။

ရီကျဲက မိတ်ကပ်မလူးထားပေမဲ့ လှလွန်းသောကြောင့် လမ်းသွားလမ်းလာများ ပြည့်နေတာတောင် သူမမျက်နှာလေးကိုပဲ သတိထားမိသည်အထိ လှပနေသည်။ သူ့ကို ဝိုင်းကြည့်နေသော လမ်းသွားလမ်းလာများကလဲ ပြုံးနေကြသောကြောင့် ဓာတ်ပုံလေးက အရမ်းနွေးထွေးနေ၏။

နောက်တစ်ပုံကို သူတို့နှိပ်ကြည့်ကြသည်။

မိန်းမလှလေးက နှင်းလူသား လုပ်တမ်း ကစားနေ၏။ နှင်းလူသားပေါ်တွင် ဦးထုပ်လေးတင်ထားကာ သူမဆံပင်တွေက စည်းမထားသည့်အတွက် ဆောင်းလေထဲတွင် ဝဲပျံနေ၏။ ဆံပင်အချို့က နားသယ်စနှင့် ပခုံးသားတို့ပေါ် ဝဲကျကာ ကြည့်နေသူတို့က သူမကို ဆံပင်သပ်ပေးချင်စိတ်ပင် ပေါ်လာ၏။

နှင်းလူသားက ရုပ်ဆိုးပေမဲ့ မိန်းမလှလေး၏ အပြုံးက သူတို့ကို ကူးစက်သွား၏။

ရီကျဲက စုစုပေါင်း ၁၆ ပုံသာ တင်ထားသည်။ တခြားသုံးယောက်လောက် မများသည့်အပြင် တစ်ပုံမှလဲ ပြင်ဆင်ထားခြင်းမရှိပဲ မူရင်းပုံများသာဖြစ်၏။ သို့သော် ထိုဓာတ်ပုံများမှာ တစ်ခါထဲကြည့်၍ မဝနိုင်ပဲ ထပ်ခါထပ်ခါ ကြည့်မိနေကြရင်း နှစ်သစ်ကူးပွဲတော်ကို မိသားစုနှင့် အတူဆင်နွှဲချင်သည်အထိ နွေးထွေးလွန်း၏။

အင်တာနက်ပေါ်တွင် စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်ပြီးနောက် ပွဲဆူလာကြပြန်သည်။

ဖန်ဝေ့ပုံကို ဝေဖန်ကြကာ ရီကျဲကို ချီးကျူးကြသည်။ တကယ်တော့ ပရိသတ်များက effect ပိနေသော ပုံများကို ငြီးငွေ့နေသည်ဖြစ်ရာ ဘာတစ်ခုမှ မပြင်ထားသည့် ရီကျဲပုံတို့က အပြောင်းအလဲတစ်ခုကို ယူဆောင်လာပေးသည့်အတွက် သဘောကျကြသည်။

OUR ( One Useless Rebirth) 2Where stories live. Discover now