Introduction

37.4K 600 37
                                    

"ဘယ်ကောင်လဲ....ပြောစမ်း ဘယ်မအေဘေးကများငါ့ညီမကို ထိရဲရတာလဲ"

ကြိတ်မခဲနိုင်မေးလာတာက ကိုကြီးဆီကဖြစ်သည်။ တွယ်တာနဲ့ပန်းနု ကိုအလယ်မှာထိုင်ခိုင်းထားပြီး ကိုကြီးနဲ့သူ့သူငယ်ချင်း၂ ယောက်ကဘေးမှာရှိနေကြသည်။

"ငါနင့်ကိုမပြောပါနဲ့ဆိုတာကို ဘာလို့ပြောလိုက်တာလဲ ဟင့်!"

တွယ်တာသည် ရှက်လို့ အိမ်ရောက်ရင်ကိုကြီးကိုမပြောပါနဲ့ဟုပန်းနုကိုအတန်တန်မှာထားသော်လည်း ပန်းနုနုထက်ဆိုတဲ့သူငယ်ချင်းနှာဘူးမသည် အိမ်လိုက်လာပြီး ကိုကြီးနဲ့သူ့သူငယ်ချင်း၂ယောက်ကိုမြင်တာနဲ့စကားမရှိစကားရှာလို့ ကျောင်းမှာဖင်ကိုင်ခံရတဲ့ကိစ္စကိုဖောက်သည်သွားချသည်။

အခုတော့တွယ်တာ့မှာ ကိုကြီးရော ဒီကိစ္စကိုသိရင်နေ့တိုင်းလိုက်စနေမယ့်ကိုကြီးသူငယ်ချင်း၂ယောက်ရောရှေ့မှာရှက်ပြီးငိုချမိတော့သည်။

"တွယ်တာ ပြောလိုက်လေ ကျောင်းမှာတုန်းကတော့ နင့်အစ်ကိုတိုင်မယ် ကိုရန်ကြီးနဲ့တိုင်မယ်တွေလုပ်နေပြီးအခုမှဘာလို့ငိုနေတာလဲ!"

ပန်းနုကတော့တရှုံ့ရှုံ့ငိုနေတဲ့တွယ်တာ့အား သူ့အစ်ကိုကိုမြန်မြန်အကြောင်းစုံရှင်းပြရန်တိုက်တွန်းသည်။

တွယ်တာလည်းနှာဖျားထိပ်တွေနီတဲ့အထိငိုပြီးမှ မော့ကြည့်လိုက်တော့ ကိုကြီးက စောနကတစ်ခွန်းမေးပြီးကတည်းကစားပွဲထောင့်ကခုံမှာဖုန်းထိုင်နှိပ်နေပြီဖြစ်သည်။

သိသားပဲ အဲ့ဒီကိုကြီးစုတ်က လေပဲရှိတာ တွယ်တာ့နဲ့ပတ်သတ်လို့များလင်နောက်လိုက်သွားတောင်ကိုယ်တိုင်လိုက်ပို့မယ့်အစ်ကိုမျိုး။

ကိုထူးကလည်းတွယ်တာ့ဘေးမှာသာထိုင်နေတာပြီးရင်လိုက်စတော့မှာသိတယ်။

ကိုရန်ကြီးကသာရှေ့တည့်တည့်ကနေမတ်တပ်ရပ်ပြီးစိတ်ဝင်တစားနားထောင်နေတာ။

"တွယ်တာတို့ထက်အကြီးတန်းကကောင်ပါ စီနီယာတန်းက အောင်ကောင်းဆက်တဲ့ သူကအရင်နှစ်ကကွင်းရဲ့ရည်းစား........."

တွယ်တာ့စကားပင်မဆုံးသေး ရန်ကြီးအောင်သည်အိမ်ထဲကနေအမြန်ထွက်သွားသည်။

The Challenge of LoveWhere stories live. Discover now